၀န်ထမ်းတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ပြန်လည် ဝင်ရောက်လာမယ့် လူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ဖို့အတွက် စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ထားပါတယ်

နေပြည်တော် ၃၀ ဇန်နဝါရီ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အချိတ်အဆက်မိစွာ ဆောင်ရွက်နိုင်ရေးအတွက်  ယာယီလက်ခံရေးစခန်းနှင့် ကြားစခန်းတို့တွင်  ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းက “နှစ်နိုင်ငံ ဝင်ထွက်ပေါက်ကနေ ပြန်လာမယ့်သူတွေ   ယာယီပို့ဆောင်မယ့် နေရာအထိ မသွားခင်စပ်ကြားမှာ လုံခြုံရေး ဆောင်ရွက်ပေးဖို့ စီမံထားပါတယ်။ လုံခြုံရေး အနေနဲ့ လူပုဂ္ဂိုလ် လုံခြုံရေးနဲ့ နေရာလုံခြုံရေး ဆိုပြီး နှစ်မျိုး စီမံဆောင်ရွက်ထားပါတယ်။ လူပုဂ္ဂိုလ် အနေနဲ့ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်မှာ ဆောင်ရွက်ကြမယ့် ဝန်ထမ်းတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ပြန်လည်ဝင်ရောက်လာမယ့် လူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ဖို့အတွက် စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ထားပါတယ်” ဟု ပြောသည်။

MDN