နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့၏      (၁၅) ကြိမ်မြောက်  သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်  ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌   ကျင်းပ ပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊  ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလို သည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား ကြသည်။

ရှင်းလင်းပြောပြသွားမည်

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    သတင်းထုတ်ပြန်ရေးအဖွဲ့  ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင်  နံပါတ် (၁)အနေဖြင့်     ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ် (၂)အနေဖြင့်  မိုးရာသီ အတွင်း ဖြစ်ပေါ်လာမည့်    ဆိုင်ကလုန်း မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ   ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ နံပါတ် (၃)အနေဖြင့် အထွေထွေ အကြောင်းအရာများဖြစ်သည့် မျောက်ကျောက်ရောဂါကိစ္စ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ  ကိစ္စရပ်များဖြစ်ပါ ကြောင်း၊  နံပါတ် (၁)မှ   (၃)အထိ  မိမိ အနေဖြင့်     ရှင်းလင်းပြောပြသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြား သွားမည်ဖြစ်ပါကြောင်း။

ထို့နောက် မေး၊ ဖြေကဏ္ဍတွင် မေးခွန်း များမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊    မီဒီယာ တစ်ခုလျှင်    အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ    မေးမြန်းပေးရန်ဖြစ် ကြောင်း။

ပထမဦးဆုံးအနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားသည့်အခါ အတိတ်သမိုင်းကြောင်းများနှင့် ဒီမိုကရေစီ အစိုးရစတင်ခဲ့သည့်    ၂၀၁၀  ပြည့်နှစ် နောက်ပိုင်း  ၁၀  နှစ်တာကာလတွင်                ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေ အနေများ၊ ဖြစ်ပျက်မှုများ၊ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များသည် တစ်သမတ်တည်း မရှိကြောင်း၊  နိုင်ငံတိုင်း၏ ငြိမ်းချမ်းရေး ဆိုင်ရာ  ကြိုးပမ်းမှုကိစ္စများတွင်လည်း အနိမ့်အမြင့်  အတက်အကျရှိကြောင်း၊ ပြည်တွင်း/ပြည်ပ  အကျိုးသက်ရောက်မှု ပေါင်းစုံရှိကြောင်း၊     မိမိတို့အနေဖြင့် မည်သည့် လိုအပ်ချက်များရှိခဲ့ကြသည်ကို ပြောကြားသွားမည်ဖြစ်ကြောင်း၊  မီဒီယာ များအနေဖြင့်  ယင်းအကြောင်းအရာ များကို သိရှိပြီးဖြစ်သော်လည်း  ပြည်သူ လူထုသိရှိစေရန် ရှင်းလင်းပြောကြားရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ် ရေးရပြီးချိန်မှစ၍      ပြည်တွင်းပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ    ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း   သဘောထား အမြင်ကွဲလွဲမှု၊ အယူအဆနှင့် ရပ်တည် ချက်ကွဲပြားမှု စသည့်  အကြောင်းကိစ္စ အမျိုးမျိုးတို့ကြောင့်  လက်နက်စွဲကိုင်       တိုက်ခိုက်ခဲ့သည့်အချိန်များသည်လည်း ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း။

ယင်းအကျိုးဆက်ကြောင့် တိုင်းပြည် ငြိမ်းချမ်းမှုမရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက်  ခေတ်အဆက်ဆက် အစိုးရနှင့်  တပ်မတော်က  တိုင်းရင်းသား ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ငြိမ်းချမ်း ရေးရရှိအောင် အားသွန်ခွန်စိုက်  ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို  သမိုင်းမှတ်တမ်း အထောက်အထားများအရ  တွေ့ရှိနိုင်မည် ဖြစ်ကြောင်း။

တည်ငြိမ်မှုရှိခဲ့

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ၃ လ အကြာ   ပြည်တွင်းဆူပူသောင်းကျန်းမှု စတင်ခဲ့ပြီးနောက်  ၈ ပတ်အကြာမှစ၍ သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှု စတင်ပေါ်ပေါက် လာခဲ့ကြောင်း၊ အလားတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ်   နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးစတင်ခဲ့ပါကြောင်း၊ ထိုစဉ်က အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်များတွင်  ချိုးဖောက်သည့်ဖြစ်ရပ် များသည် အလွန်နည်းပါးပြီး  တည်ငြိမ်မှု ရှိခဲ့ပါကြောင်း။

၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် မြန်မာ နိုင်ငံ၌ ဒီမိုကရေစီအစိုးရ စတင်ပေါ်ပေါက် လာခဲ့ပါကြောင်း၊  အစိုးရအနေဖြင့်  ဒီမို ကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်း များကို လမ်းညွှန်ချပြခဲ့ပြီးနောက်  ပြည်သူ များအတွက် ပြုပြင်ပြောင်းလဲရေးတံခါး ဖွင့်ရန် အစပြုလာခဲ့ပါကြောင်း၊ နိုင်ငံတော် သမ္မတအနေဖြင့် ၂၀၁၁ ခုနှစ်  သြဂုတ် ၁၈ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ     ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး  “အချုပ်အခြာအာဏာကို ထိပါးသည့်ကိစ္စနှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်က ခွဲထွက်မယ့်ကိစ္စများကလွဲရင် အခြားကိစ္စရပ်များအားလုံးကို  ဆွေးနွေး နိုင်ရန် တံခါးဖွင့်ထားကြောင်း”  တရားဝင် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါကြောင်း၊  ထိုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် “တိုင်းရင်းသား လူမျိုးများငြိမ်းချမ်းရေးစီမံချက်”ကို ရေးဆွဲ ခဲ့ပါကြောင်း၊   ၂၀၁၂ ခုနှစ် စက်တင်ဘာလ တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC- United Nationalities  Federal  Council)ကို ဖွဲ့စည်းခဲ့ပါကြောင်း၊      ၂၀၁၃  ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ   နိုဝင်ဘာ ၂၅ ရက်အထိကျင်းပသည့် လိုင်ဇာညီလာခံ တွင်   တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့       (NCCT- Nationwide Ceasefire Coordination Team)ကို  ဖွဲ့စည်းပြီး NCA ရေးဆွဲရေး သဘောတူခဲ့ပါကြောင်း၊     ၂၀၁၃  ခုနှစ် နိုဝင်ဘာလတွင် မြစ်ကြီးနားမြို့၌ NCCT ၏ လိုင်ဇာသဘောတူစာချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး  ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ    (UPWC-Union Peace – Making Working Committee)၏ NCA မူကြမ်းကို ဖလှယ်ပေးအပ်ခဲ့ကြပါကြောင်း။

၂၀၁၄ ခုနှစ် မေ ၈ ရက်တွင် NCCT နှင့်UPWC တို့အကြား   NCA ညှိနှိုင်းမှု ဆိုင်ရာ  အစည်းအဝေးကို   ပထမဆုံး အကြိမ် ကျင်းပနိုင်ခဲ့ပြီး  ဧပြီ ၈ ရက်တွင် MPC ၌ အစည်းအဝေးပြုလုပ်ကာ နှစ်ဖက် တင်ပြလာခဲ့သည့် NCA မူကြမ်းများကို အခန်း(၇)ခန်းပါသည့် တစ်ခုတည်းသော NCA     မူကြမ်း(Single   Text)အဖြစ်            ပေါင်းစည်း     ရေးသားနိုင်ခဲ့ပါကြောင်း၊ အစိုးရမှစတင် ကမ်းလှမ်းခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အစိုးရနှင့်  တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များ ချုပ်ဆို နိုင်ခဲ့ပါကြောင်း၊ အရေအတွက်အားဖြင့် ၁၄ ဖွဲ့ရှိသည်ကို   မီဒီယာများနှင့် မိဘ ပြည်သူများ   သိရှိမှတ်သားထားစေလို ကြောင်း၊ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင်   “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး” အတွက် ကတိကဝတ်ပြု ကြိုတင်လက်မှတ်ရေးထိုး ခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ    ကတိပြုချက်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများအပါ အဝင် အစိုးရ၊ တပ်မတော်၊ EAOs  အဖွဲ့ များ၊ နိုင်ငံရေးပါတီများမှ  ကိုယ်စားလှယ် များက လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထိုအထဲတွင် တချို့သော  EAOs  အဖွဲ့များ ကျန်ရှိခဲ့ပါကြောင်း၊ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်   ကတိ ပြုချက်ပါ အချက်အလက်များကို လက်ခံ ခဲ့သော်လည်း  သက်ဆိုင်ရာအဖွဲ့အစည်း အတွင်း  ပြန်လည်ဆွေးနွေးအတည်ပြု ပြီးမှသာ  ဆက်လက်ပါဝင်   လက်မှတ် ရေးထိုးသွားကြမည်ဟု    ပြောဆိုခဲ့ပါ ကြောင်း၊  ၂၀၁၅ ခုနှစ်    မတ် ၃၁ ရက် NCCT-UPWC ၏    (၇)ကြိမ်မြောက် အစည်းအဝေးတွင်  NCA  အတည်ပြု မူကြမ်းရခဲ့ပါကြောင်း၊  ၂၀၁၅ ခုနှစ် ဇွန် ၂ ရက်မှ   ၉ ရက်အထိ ကျင်းပသည့် လော်ခီးလာ ထိပ်သီးညီလာခံတွင်  NCA အချောသပ်နိုင်ရန်  စတင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ် ၇ ရက်တွင် NCA ကို အချောသပ်ရေးဆွဲနိုင်ခဲ့ပါကြောင်း။

လက်မှတ်ရေးထိုးနိုင်ခဲ့

အဆိုပါ NCA စာချုပ်တွင် အခန်း(၇)ခန်းနှင့်  အပိုဒ်(၃၃)ပိုဒ်ပါဝင်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့်  EAOs  ရှစ်ဖွဲ့တို့  NCA ကို          လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ၁၄ ဖွဲ့ သဘောတူခဲ့သော်လည်း အမှန်တကယ် လက်မှတ်ရေးထိုးသည့်အချိန်တွင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ကြားကာလတွင်      လိုင်ဇာညီလာခံ၊ လော်ခီးလာညီလာခံ၊ တွေ့ဆုံဆွေးနွေးမှု မျိုးစုံလုပ်ခဲ့ကြောင်း၊   ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး    အရှိန်မြင့်တက်နေသည့် ကာလဖြစ်ကြောင်း၊ ၁၄ ဖွဲ့သဘောတူပြီး ၈ ဖွဲ့သာ    လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်ပြီး     မည်သို့ဖြစ်ရသည်ကို တက်ရောက်လာကြသည့် မီဒီယာများနှင့် မိဘပြည်သူများ  ပြန်လည်မှတ်မိကြမည် ဖြစ်ကြောင်း။
ထိုစဉ်က   ထင်ရှားသည့်နိုင်ငံရေး ပါတီတစ်ခု၏ဥက္ကဋ္ဌတစ်ဦး၊   ထိုစဉ်က လွှတ်တော်တွင်လည်း  ကော်မတီတစ်ခု တွင် ပါဝင်နေဆဲဖြစ်သည့် လွှတ်တော် အမတ်တစ်ဦးက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးခါနီးတွင် NCA ကို အလျင်စလို လက်မှတ်မရေးထိုး ကြရန် ပြောခဲ့ကြောင်း၊ နိုင်ငံတကာမီဒီယာ များတွင်လည်း ဝေဝေဆာဆာဖော်ပြခဲ့ ကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ  အမှားတစ်ခု ကြောင့်  အရှိန်ရနေသည့်  ငြိမ်းချမ်းရေး ဖြစ်စဉ် ရုတ်တရက်နိမ့်ကျသွားပါကြောင်း၊ ယင်းကို   မိမိတို့သင်ခန်းစာယူရမည်ဖြစ် ကြောင်း၊ ယင်းမှာ ပထမအကြိမ်အနိမ့် အမြင့်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် NCA လက်မှတ်ရေးထိုးခြင်း ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု နိုင်ခဲ့ပါကြောင်း။

၁၀ ဖွဲ့အထိရှိလာ

ပထမဆုံး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (UPC)ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင်  ကျင်းပခဲ့ပြီး  ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ကို   နောင်ဆက်လက် တာဝန်ယူရမည့် အစိုးရများမှ ဆက်လက် အကောင်အထည်ဖော်  ဆောင်ရွက်ရန် အခြေခံမူများ   ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့်  ၂၀၁၈  ခုနှစ်    ဖေဖော်ဝါရီ                  ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်ပါတီအစည်း အရုံး(LDU)တို့ ထပ်မံလက်မှတ်ရေးထိုး ကာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးထား သည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း၊  ၂၀၁၅ ခုနှစ်က အကျိုးဆက်သည် ၂၀၁၈ ခုနှစ် အထိ သက်ရောက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် တွင်လည်း ငြိမ်းချမ်းရေးအတွက် အသည်း အသန်ကြိုးစားခဲ့ကြကြောင်း၊ သို့သော် နှစ်ဖွဲ့သာ    ထပ်မံလက်မှတ်ထိုးနိုင်ခဲ့ ကြောင်း၊ NCA စာချုပ်သည်    ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟု အမည်ခေါ်တွင်သော်လည်း  ယင်းထက် များစွာကျယ်ပြန့်သည့်၊ အဓိပ္ပာယ်ရှိသည့် စာချုပ်ဖြစ်ကြောင်း၊ NCA  စာချုပ်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာသဘောတူညီမှုများ၊  နိုင်ငံရေး ဆိုင်ရာအာမခံချက်များနှင့် နိုင်ငံရေးအရ        ညှိနှိုင်းအဖြေရှာရေးကိစ္စရပ်များ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ကိစ္စရပ်များ စသည်ဖြင့်   ကျယ်ပြန့်စွာ ပါဝင်သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း။

အစိုးရဒုတိယသက်တမ်းကာလတွင် NCA စာချုပ်အပိုဒ် ၂၀(ဂ) အရ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများ   ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး     ညီလာခံ- (၂၁)ရာစုပင်လုံညီလာခံ အစည်းအဝေး ကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင်  လေးကြိမ်တိုင် ကျင်းပခဲ့ပါကြောင်း၊  ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့်    ဒုတိယအကြိမ်အစည်း အဝေးတွင် သဘောတူညီချက်(၃၇)ချက် ကို ရရှိခဲ့ပြီး   ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၁)အဖြစ် သဘော တူချုပ်ဆိုနိုင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် သတ္တမအကြိမ် ပုံမှန်အစည်း အဝေး (၁၁) ရက်မြောက်နေ့တွင် အတည် ပြုနိုင်ခဲ့ပါကြောင်း၊ သတိပြုရန် ပြောလို သည်မှာ    ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံအမည်ဖြင့် စတင်ကျင်းပခဲ့သည်မှာ (၄)ကြိမ်ကျင်းပခဲ့ ကြောင်း၊ ပထမအကြိမ်တွင် မည်သည့် သဘောတူညီချက်မျှ    မရခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့်  မရခဲ့သည်ကို ယခုရှိနေသည့်မီဒီယာအများစုက ထိုပွဲ များကို  တက်ရောက်ခဲ့ဖူးသည့်အတွက် သိရှိနိုင်မည်ဖြစ်ကြောင်း၊  လေ့လာနေ သည့် ပြည်သူလူထုကလည်း သိရှိကြောင်း၊ လုပ်မှားကိုင်မှား၊  မူဝါဒအမှားများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နဂိုမူလရှိခဲ့ သည်ထက်ပို၍ နိမ့်ကျသွားသည်ကိုတွေ့ရ ကြောင်း။

 အတည်ပြုနိုင်ခဲ့

၂၀၁၈ ခုနှစ်  ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိကျင်းပခဲ့သည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး၌  စုစု ပေါင်း  သဘောတူညီချက်(၁၄)ချက်ကို ရရှိခဲ့ပြီး ဩဂုတ် ၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်       နဝမ
အကြိမ်မြောက်    ပုံမှန်အစည်းအဝေး  အဋ္ဌမနေ့ အစည်းအဝေးတွင်     အတည်ပြု နိုင်ခဲ့ကြောင်း။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများသို့တင်ပြလာသည့် အဆိုပြု ချက်များတွင် နိုင်ငံရေးကဏ္ဍပါ “ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုင်ရာ ကိစ္စရပ် များ” နှင့် လုံခြုံရေးကဏ္ဍပါ “တစ်ခုတည်း သော တပ်မတော်ထားရှိရေးဆိုင်ရာကိစ္စ ရပ်များ” သည် ထိုအချိန်က ဆက်လက် ဆွေးနွေးဆဲ     အကြောင်းအရာများ ဖြစ်ကြောင်း၊  ထို့ကြောင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ  ၁၅ ရက်နှင့်  ၁၆ ရက် တို့တွင် အစိုးရနှင့် NCA-S EAO အဖွဲ့ များ၏ သီးသန့်အစည်းအဝေး (၁၀+၁၀)တွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍  ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊   အရေးကြီးသည့် ဒီမို ကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ  အခြေခံမူ များ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ် များ ညှိနှိုင်းဆောင်ရွက်ရန်အတွက် မူအားဖြင့်ချမှတ်ပေးနိုင်ခဲ့ပါကြောင်း။

ထို့နောက် ခေါင်းဆောင်များသီးသန့် ဆွေးနွေးရန်  ထိပ်သီးအစည်းအဝေးများ ပြုလုပ်ခဲ့ပါကြောင်း၊   ထိုအစည်းအဝေး တွင် ဖြေရှင်းရမည့်အကြောင်းအရာ နှစ်ရပ် ကို  ပြေလည်စေရန်အတွက်   ဖြေရှင်း ချက်များ ထွက်ပေါ်လာချိန်တွင် NCA-S EAO များအနက်  အင်အားကြီးအဖွဲ့နှစ်ဖွဲ့ တို့က  ကြေညာချက်များထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်ကို လျှော့ချခဲ့ပြီးနောက်  တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲများ ယာယီအားဖြင့် ရပ်ဆိုင်း ခဲ့ရပါကြောင်း၊ ၁၀နှစ်တာကာလအတွင်း ငြိမ်းချမ်းရေး   ကြိုးပမ်းမှုခရီးစဉ်တွင် အကျကာလဖြစ်စဉ် သုံးခုရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် လက်မှတ်ရေးထိုးခါနီးတွင် ပုဂ္ဂလိကအမှားကြောင့် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ပထမအကြိမ် ညီလာခံတွင် မူဝါဒနှင့် လုပ်ငန်းစဉ်အမှားများကြောင့် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်    တရားဝင်နိုင်ငံရေး
ဆွေးနွေးပွဲများ  ရပ်ဆိုင်းခဲ့သဖြင့်  တစ်ကြိမ်  ဖြစ်ကြောင်း၊  ထိုအရာများသည် မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အနီးစပ်ဆုံး သင်ခန်းစာယူရမည့်ကိစ္စများ ဖြစ်ကြောင်း။

 ပြန်လည်စတင်နိုင်ခဲ့

ယင်းနောက်  အစိုးရမှ  ညှိနှိုင်းရေး ကိုယ်စားလှယ်များသည်   တရားဝင် ဆွေးနွေးပွဲလမ်းကြောင်းသို့   ပြန်လည် ရောက်ရှိနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံမှုလမ်းကြောင်းမှတစ်ဆင့် အဖြေ ရှာနိုင်ရန်   NCA-S EAO များနှင့်   ထိုင်း နိုင်ငံ  ချင်းမိုင်မြို့တွင် (၁၁)ကြိမ်  တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းနောက် KNU က စတင်အဆိုပြုသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို     အခြေခံသည့် ပြည်ထောင်စု  တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို    အစိုးရနှင့် NCA-S EAO အဖွဲ့များအကြား   စတင် ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊ အဆိုပါ အကြောင်းအရာများကို  နောင်လာမည့် အစည်းအဝေးတွင် တင်သွင်းဆွေးနွေးရန် လျာထားခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈  ရက်တွင် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်စတင် နိုင်ခဲ့ပါကြောင်း။

(၈)ကြိမ်မြောက်    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)တွင် ၂၀၂၀ အလွန် ဆက်လက်အကောင်အထည်ဖော် ရမည့် အဆင့်လိုက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊  အဆင့်လိုက်အကောင်အထည် ဖော်မှုများကို  နှစ်ဖက်ဆွေးနွေးညှိနှိုင်း သွားရန်   သဘောတူညီခဲ့ကြပါကြောင်း၊ ယင်းနောက်   အစိုးရ၊  လွှတ်တော်၊ တပ်မတော်အစုအဖွဲ့နှင့်   NCA-S EAO အစုအဖွဲ့တို့မှ   နှစ်ဖက်အလုပ်အဖွဲ့များ ဖွဲ့စည်းပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကိုအခြေခံသည့်      ပြည်ထောင်စု တည်ဆောက်ရေးအတွက်  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဆင့်လိုက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ အဆင့်လိုက်အကောင်အထည်ဖော် မှုများနှင့်စပ်လျဉ်း၍   တွေ့ဆုံညှိနှိုင်းမှု ပေါင်း (၁၁)ကြိမ်၊  ရက်ပေါင်း ၂၄ ရက် ပြုလုပ်၍   သဘောထားများ၊  အယူအဆများကို      ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်။

ချုပ်ဆိုခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ  စတုတ္ထအကြိမ် အစည်း အဝေးကို ၂၀၂၀ ပြည့်နှစ်   ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပါကြောင်း၊ ယင်း၌ အပိုင်း(၁) NCA အကောင်အထည် ဖော် ဆောင်မှုဆိုင်ရာ မူဘောင်သဘောတူ ညီချက် ၁၅ ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့် လိုက်အကောင်အထည်ဖော်မှုဇယား(၁)နှင့်  အပိုင်း(၃)    ဒီမိုကရေစီစနစ်နှင့် ဖယ်ဒရယ်စနစ်ကို        အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မှု အခြေခံမူသဘောတူညီချက် (၅)ချက်တို့ဖြင့်  အပိုင်းသုံးပိုင်း  ပါသည့် ပြည်ထောင်စုသဘောတူစာချုပ်  အစိတ် အပိုင်း (၃)ကို    ချုပ်ဆိုခဲ့ပါကြောင်း၊ ယင်းကို  ဩဂုတ် ၂၆ ရက် ပြည်ထောင်စု လွှတ်တော်၏ (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး  (၁၃)ရက်မြောက်နေ့ အစည်းအဝေးတွင် အတည်ပြုခဲ့ပါကြောင်း၊  ယင်းသို့ ညှိနှိုင်းရရှိခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို    အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမည့်အချက်များကို ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ် များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများဇယား (၁)အဖြစ် ၂၀၂၀ ပြည့် နှစ်      ဩဂုတ် ၁၉ ရက်မှ  ၂၁ ရက်အထိ နေပြည်တော်၌       ကျင်းပခဲ့သည့် ပြည်ထောင်စု   ငြိမ်းချမ်းရေးညီလာခံ -
(၂၁)ရာစုပင်လုံ   စတုတ္ထအစည်းအဝေး တွင်   တင်သွင်းခဲ့ကြောင်း၊  ယင်းမှာ ပြည်ထောင်စု   သဘောတူစာချုပ် အစိတ် အပိုင်း (၃)ဖြစ်ကြောင်း၊       ယင်းညီလာခံ တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း   (၃)ကိုချုပ်ဆိုရာတွင် အစိတ်အပိုင်း (၃)၏  အပိုင်း(၂) အဖြစ် “၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုဇယား(၁)” ကို သဘောတူနိုင်ခဲ့ ပါကြောင်း၊ ယင်းမှာ ပိုပြီးအရေးကြီးသည့် ဇယားဖြစ်ကြောင်း    ၊ ထိုဇယားကို 
ဘုတ်တွင် ကပ်ထားပါကြောင်း၊ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မည်သို့ သွားမည်ဆိုသည်ကို  တွေ့နိုင်ပါကြောင်း။

တစ်ပြိုင်တည်းဆွေးနွေးခဲ့

အစိုးရနှင့်   NCA - S EAOတို့၏ နှစ်ဖက်အလုပ်အဖွဲ့များအကြား ဇယား (၁) ကို ဆွေးနွေးညှိနှိုင်းစဉ်ကပင် ဇယား (၂ )ကိုလည်း တစ်ပြိုင်တည်းဆွေးနွေးခဲ့ကြ ပါကြောင်း၊  ဇယား(၁)ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အချက်  (၈)ချက်၏ တစ်ချက်ချင်းစီအောက်တွင် အသေးစိတ် ထပ်မံဆွေးနွေးရမည့်   အကြောင်းအရာ ခေါင်းစဉ်များကို နှစ်ဖက်အဆိုပြုခဲ့ကြပါ ကြောင်း၊ ဇယား(၂)တွင် အကြောင်းအရာ ခေါင်းစဉ်များ ထည့်သွင်းသဘောတူနိုင် ရေးအတွက် ဆက်လက်ဆွေးနွေးညှိနှိုင်း ရန် အချိန်လိုအပ်နေကြောင်း၊  နှစ်ဖက် အလုပ်အဖွဲ့များက     လက်ခံခဲ့ကြသည့် အတွက် ၂၀၂၀ ပြည့်နှစ်  ဩဂုတ် ၁၃ ရက် တွင် ကျင်းပသည့် (၉)ကြိမ်မြောက် JICM အစည်းအဝေးတွင် “၂၀၂၀ အလွန် အဆင့် လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂)” ကို နောင်တွင် ဆက်လက်ညှိနှိုင်းဆွေးနွေး သွားရန် သဘောတူခဲ့ကြပါကြောင်း။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်     အဖွဲ့အစည်းများကို
ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်   ဖိတ်ခေါ် ထားပြီး      အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ခေါင်းဆောင်များအပါအဝင်  အဖွဲ့ဝင်  ၂ ဦး စီကို ငြိမ်းချမ်းရေးဆိုင်ရာ    ကိစ္စရပ် များအား ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခြင်း၊ အမျိုးသား   စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများနှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

သဘောတူညီချက်(၇)ချက်ရရှိ

၂၀၂၂ ခုနှစ် မေ ၂၁ ရက်မှ ၂၉ ရက် အထိ RCSS ၊  NMSP၊ KNU/KNLA(PC) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက် ၍လည်းကောင်း၊   အစိတ်အပိုင်း(၃)မှ ဆက်လက်   ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များနှင့် လည်းကောင်း      သဘောတူညီချက် 
(၇)ချက်ရရှိခဲ့ကြောင်း၊   ထို့ကြောင့်လည်း သဘောတူညီချက်များနှင့် ပတ်သက်ပြီး သဘောပေါက်ရန်အတွက် အစိတ်အပိုင်း (၃)မှ ဇယား (၂)ကို မီဒီယာများကို ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်ကရှိပြီး ဖြစ်သော်လည်း ဆက်လက်လေ့လာစေ လိုပါကြောင်း၊  သို့မှသာ  မီဒီယာများ အနေဖြင့် ပြည်သူလူထုကို ရှင်းလင်းစွာ အသိပေးနိုင်မည်ဖြစ်ကြောင်း၊  ထို့ပြင် UWSP “ဝ” အဖွဲ့နှင့်လည်း    ယနေ့ထိ ဆွေးနွေးညှိနှိုင်းနေဆဲ    ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်  နိုင်ငံရေးပါတီများ အစုအဖွဲ့၏    အလုပ်အဖွဲ့များနှင့်လည်း ဒုတိယဗိုလ်ချုပ်ကြီး       ရာပြည့်တို့ ဦးဆောင်သည့်    ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ၎င်းတို့ တင်ပြထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ  ပြင်ဆင်လိုသည့် အချက်  (၉) ချက်ကို  အဆိုပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နိုင်ခဲ့ကြောင်း။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးနိုင် ရန် ဖိတ်ခေါ်ထားသည့်အပေါ်တက်ရောက် လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  ပြည်သူလူထု၏ ဆန္ဒဖြစ် သည့်  နိုင်ငံရေးအရ  ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ အုပ်ချုပ်ရေးအရ ဒီမို ကရေစီနှင့်ဖက်ဒရယ်ကို  အခြေခံသည့် ပြည်ထောင်စုစနစ်  တည်ဆောက်ရေး တို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့်  နိုင်ငံများစွာရှိကြောင်း၊ တစ်နိုင်ငံချင်းတွင် ကျင့်သုံးပုံများ တစ်ထပ် တည်းတူညီမှုမရှိကြောင်း၊   ထို့အတူ ဖက်ဒရယ်စနစ်ကို  ကျင့်သုံးရာတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထပ်တူ တူညီနေမှု မရှိကြောင်း၊ မိမိတို့တိုင်းပြည်၏ သမိုင်း ကြောင်း၊  ဓလေ့ထုံးစံများ၊  နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသအခြေအနေများအပေါ် မူတည်ပြီး မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးနှင့် ကိုက်ညီသည့်  အသင့်လျော်ဆုံးပုံစံကို ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုပုံစံကိုရရှိနိုင်ရန်အတွက်     ညှိနှိုင်း ဆွေးနွေးတိုင်ပင် အဖြေရှာခြင်းနည်းလမ်း ဖြင့် မိမိတို့အစိုးရက ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအချိန်၌လည်း လက်တွေ့ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင် သူအားလုံးကလည်း နိုင်ငံနှင့်လူမျိုးအပေါ် စေတနာထားပြီး  လုပ်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
             
(ဆက်လက်ဖော်ပြပါမည်)