၁၀) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများဖိုရမ် အစည်းအဝေးကျင်းပ

နေပြည်တော် ၁၃ ဒီဇင်ဘာ 

 

(၁၀) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများဖိုရမ်ကို ယနေ့တွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက စီးပွားရေးစင်္ကြန်များ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)နှင့် ဆက်စပ်မှု တို့နှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

 

ဖိုရမ်၌ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအပေါ် အကဲဖြတ်သုံးသပ်မှု၊ တောင်-မြောက်စီးပွားရေး စင်္ကြံအတွက် ကဏ္ဍအလိုက် ကနဦးလေ့လာသုံးသပ်မှု၊ မဟာမဲခေါင်ဒေသခွဲ E-commerce လမ်းစဉ်၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံစိတ်ချရသည့် လုပ်သားရွှေ့ပြောင်းမှု တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊    ဦးသိန်းဆွေ၊    ဦးဟန်ဇော်၊ မဟာမဲခေါင် ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)