မိုင်းရယ် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲသို့ မိုင်းရယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၀)ကျောင်းမှ အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများ ကျင်းပနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုမြို့နယ်ပညာရေးမှူးများ၊ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက အားပေးကြည့်ရှုခဲ့ကြပြီး (၁၀၂)နှစ်မြောက် အမျိုးသားနေ့ တွင် မြို့နယ်ခန်းမတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
(မိုင်းရယ် ပြန်/ဆက်)