မုံရွာ  ၁၃  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲတော်ကို ယနေ့ နံနက် (၈)နာရီခွဲက မုံရွာမြို့ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပသည်။

 

52

 

ရှေးဦးစွာ ပွဲတော်မုခ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်း နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ပွဲတော်တွင် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များနှင့် ပွဲတော်လာကလေးများအတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ပေးနေသော ဗိုလ်ချုပ်ပုံတူဆက် ကစားနည်းများ၊ စကားပုံဆက် ကစားနည်းများ၊ ခွက်နင်းကစား နည်းများ၊ ပူးပေါင်းဖောက် ကစားနည်များ ခါးလှည့်ကွင်းကစားနည်းများတွင် ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနေမှုတို့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

2.2

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ကလေးများဟာ ကျွန်တော်တို့ တိုင်းပြည် တည်ဆောက်ရေးရဲ့ အဖိုးတန်ရတနာတွေဖြစ်လို့ ကလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ မိတ္တ နှင့် ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၊ ဌာနဆိုင်ရာ၊ မိသားစုများနှင့် ပြည်သူလူထုတို့မှ တက်တက်ကြွကြွ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း။

 

42

 

ဒီလိုရည်ရွယ်ချက်ကောင်းများနှင့် မြန်မာနိုင်ငံတစ်ဝှမ်း ယနေ့ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသလို စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့်လည်း ယခုလို ကလေးများအတွက် မြန်မာနိုင်ငံ ကလေးများနေ့ကို ကျင်းပခွင့်ရရှိလို့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာလူမျိုးတို့၏ ချစ်မြတ်နိုး ဖွယ်ရာဝလေ့များကို ကလေးများနှင့် လူငယ်လူရွယ်များ အားကျအတုယူလာအောင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူအားလုံးက ဆက်လက်ပြီး ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ကြရန်နှင့် ဗိုလ်ချုပ်လို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ပြည့်စုံသော ခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်ကြပါလို့ ” တိုက်တွန်းပြောကြားခဲ့သည်။

 

963

 

ယင်းနောက် မြန်မာနိုင်ငံကလေးများနေ့အကြို ပုံပြင်၊ ကဗျာ နှင့် သီးချင်းပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများ၏ သီဆိုဖျော်ဖြေတင်ဆက်ကပြမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က အဆိုပါပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကလေးသူငယ်များအား ထူးချွန်ဆုများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကျွန်းတွင် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်မွေးနေ့ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

963