ကော့သောင်း ဇန်နဝါရီ ၂၄

 

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ကော့သောင်းခရိုင် (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံ၌ ကညွတ်စိုက်ပျိုးခြင်းနည်း ပညာပေးသင်တန်းနှင့် နေကြာသီးနှံ ကွင်းသရုပ်ပြပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဇော်က အမှာစကားပြောကြားပြီး (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံ ဦးစီးမှူး ဒေါ်ရီရီစိန်က သင်တန်းနှင့် ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံ ဦးစီးမှူးက ကညွတ်စိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းပို့ချပြီး တက်ရောက်လာသော ဌာန ဆိုင်ရာများနှင့် စိုက်ပျိုးရေး တောင်သူများက ကညွတ်စိုက်ပျိုး ခြင်းနှင့် ပတ်သက်၍ သိလိုသည် များမေးမြန်းရာ (၁၀)မိုင် စိုက်ပျိုး ရေးဥယျာဉ်ခြံ ဦးစီးမှူးက ပြန်လည်ဖြေကြားကာ နေကြာသီးနှံ သရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)