ရန်ကုန်၊ ၁၀ ဒီဇင်ဘာ

 

မြန်မာနိုင်ငံစာရေးဆရာအသင်း၊ (၁၁) ကြိမ်မြောက် မဲခေါင်စာပေဆု ရွေးချယ်ရေး အဖွဲ့သည် ပြိုင်ပွဲဝင်စာအုပ်များဖိတ်ခေါ်၍ အပြီးသတ်စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုတိုပေါင်းချုပ်ဆုကို “မြကြာငုံ” (ဒေါက်တာနီလာသိန်း) ရေးသားသည့် “လွမ်းတိမ် ဝတ်မှုန် ရသစုံဝတ္ထုတိုများ” ကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုကို “နေမင်းသိန်း” (ဦးဖေသိန်း) ရေးသားသည့် “၇၅ ရုပ်ပုံလွှာ နေမင်းသန်း ကဗျာ) ကလည်းကောင်း ဆုရရှိကြောင်း ထုတ်ပြန်ကြေညာသည်။

 

ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ် (ယူနန်ပြည်နယ်) နိုင်ငံတို့ ပါဝင်သည့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် ချီးမြှင့်မည့် (၁၁) ကြိမ်မြောက် မဲခေါင်စာပေဆု ချီးမြှင့်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျတာဝန်ယူရမည့် ကမ္ဘောဒီးယားနိုင်ငံ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်း