နေပြည်တော် မေ ၂၅

မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံလူမှု ဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများ အစည်းအဝေး(11th ASEAN Ministerial Meeting on Social Welfare and Development and 7th ASEAN Plus Three Ministerial Meeting on Social Welfare and Development- 11th AMMSWD Meeting and 7th AMMSWD+3) ကိုယနေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်ဆိုင်ရာ  တာဝန်ခံများပါဝင် တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဌဖြစ်သူ အမျိုးသမီး၊ မိသားစုနှင့် ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Dato’ Sri HaJah Nancy Shukri က အဖွင့်အမှာ စကားပြောကြားသည်။

အစည်းအဝေးအား “Accelerating the Implementation of ASEAN Commitments for Gender Equality through Gender Mainstreaming and Social Inclusion” Theme ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး  အာဆီယံနိုင်ငံများ၏ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများက ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံသည် ကျား၊မတန်းတူညီမျှ ရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအတွက်  Sustainable Development Goal (SDG Goals) နံပါတ်(၅)အပါအဝင် ဆက်စပ်ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ပါကြောင်း၊  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရား(တစ်)ခုဖြစ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု အခြေအနေများ၊ လိုအပ်သည့် ဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်မှုအခြေအနေများ၊ ကဏ္ဍစုံ၌ ကျား၊ မ ရေးရာ အား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် ကျား၊မတန်းတူညီမျှမှုရရှိစေရန်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(NSPAW) (၂၀၁၃-၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး  လက်ရှိတွင် NSPAW Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲနေမှု အခြေအနေများ၊  လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှုအခြေ အနေများ၊ လူမှုရေးပင်စင်ထောက်ပံ့မှုနှင့် မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ASEAN နှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မိုခါမုန်တိုင်းဒဏ်သင့်နေရာများသို့  Psychosocial Support Team များဖွဲ့စည်း စေလွှတ်၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား စိတ်လူမှုပိုင်းဆိုင်ရာများ ပံ့ပိုးမှုအခြေအနေများ၊ လူမှုဝန်ထမ်းသမား(Social Worker)များ၏ အရေးပါမှုများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် (၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများ အစည်းအဝေးတို့အား  မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အတည်ပြုပါကြောင်း ပြောကြားသည်။

အစီအစဉ်အရ အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက အာဆီယံနိုင်ငံများ၏ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေး ခဲ့ခြင်း၊   ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ မှတ်ချက်ပြုဆွေနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားသောဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစားအစာ၊ သောက်ရေသန့် အပါအဝင် ဆေးဝါးများ၊ ယာယီမိုးကာတဲများလှူဒါန်းမှုများ၊ မဲခေါင်-လန်ချန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်များအတွက် စီမံချက်တင်ပြထားမှု အခြေအနေများ၊ စီမံချက်များ အကောင်အထည် ဖော်ခြင်းအားဖြင့် မဲခေါင်-လန်ချန်းဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်း အဝေးအလှည့်ကျဥက္ကဌဖြစ်သူ အမျိုးသမီး၊ မိသားစုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Dato’ Sri HaJah Nancy Shukri က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး  အစည်းအဝေးအား  ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်