စောကျော်အေး-ပန်းဘဲတန်း
ဗြိတိသျှနယ်ချဲ့အစိုးရ၏ ဖန်တီးချက်ကြောင့် တောင်သူ လယ်သမားများ အကြွေးတင်လာခြင်း၊ လယ်ယာမြေများ လက်လွတ်၍ မြေရှင်ကြီးစနစ်ပေါ်လာခြင်း၊ သီးစားခကြီး မြင့်ခြင်း၊ လက်ငုတ်တွင် စွဲမြဲစွာမလုပ်ရခြင်း၊ စပါးဈေးအလွန် အမင်းကျဆင်းမှုနှင့်အတူ ဆင်းရဲမွဲပြာကျလာခြင်း၊ နယ်ချဲ့ အစိုးရ၏ ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ရက်စက် ကြမ်းကြုတ်မှု၊ ကျူးလွန်စော်ကားလာမှု၊ မတရားပြုကျင့်မှု များ၊ လူကိုရိုက်နှက်ညှဉ်းပန်း၍ လူခွန်နှင့် သဿမေဓအခွန် အတင်းအကျပ် ကောက်ခံမှုများသည် လက်နက်ကိုင်တော် လှန်ရေးသို့ တောင်သူလယ်သမားများအား မရှောင်မလွှဲသာ တွန်းပို့ခဲ့သည်။
အရေးတော်ပုံစသည့်နေ့-
၁၂၉၂ ခုနှစ် ပြာသိုလဆန်း ၄ ရက်နေ့ (၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့)တွင် သာယာဝတီနယ် ဇိမ်ဇာ၊ အင်း ကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆည်နှစ်ခွ၊ လှည်းလမ်းကူး စသည့် ကျေးရွာများမှ တောင်သူလယ်သမားများသည် တုတ်၊ ဓား၊ ဝါးချွန်၊ ဒူးလေး၊ ကောက်ဆွ အစရှိသည့် ရရာလက်နက် ဖြင့် စတင်တော်လှန်ကြသည်။
အရေးကြီးသောတိုက်ပွဲများ-
၂၃-၁၂-၁၉၃၀ ရက်နေ့ ဖားရွှေကျော်ပထမတိုက်ပွဲတွင် ဦးမောင်ကလေးခေါင်းဆောင်သော ပုလိပ်အဖွဲ့ဆုတ်ခွာ ထွက်ပြေးရသည်။ ၂၄-၁၂-၁၉၃၀ ရက်နေ့ ဝဲရွာတိုက်ပွဲတွင် သစ်တောအင်ဂျင်နီယာမစ္စတာ ဖီးကလပ်ကျဆုံးသည်။ ၂၅-၁၂-၁၉၃၀ ရက်နေ့ ဖားရွှေကျော်ရွာ- ဒုတိယတိုက်ပွဲတွင် ရာဇဝတ်ဝန်ကလေး ဦးမောင်ကလေးကျဆုံး၍ ပန်ချာပီတပ် များ ထွက်ပြေးရသည်။ ၃၁-၁၂-၁၉၃၀ ရက်နေ့ ဖားရွှေကျော် တတိယတိုက်ပွဲတွင် ဂဠုန်တပ် အကျအဆုံးများနှင့် ဆုတ်ခွာရ သည်။ ၃၁-၁၂-၁၉၃၀ ရက်နေ့ အလံတောင်တိုက်ပွဲတွင် နယ်ချဲ့ စစ်တပ်က အလံတောင်ကို တိုက်ခိုက်၍ သိမ်းသည်။ ဆရာစံ ဆုတ်ခွာရသည်။ ၇-၁-၁၉၃၁ ရက်နေ့ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ထန်းတောရွာအနီးတွင် ဦးအောင်လှ ခေါင်းဆောင်သော ဂဠုန်တပ်နှင့် အရေးပိုင် မစ္စတာဘရက်တို ခေါင်းဆောင်သော နယ်ချဲ့ပုလိပ်၊ စစ်ပုလိပ်များ တိုက်ပွဲဖြစ် သည်။ ၁၀-၄-၁၉၃၁ ရက်နေ့တွင် ပြုလုပ်သော သရက်ခရိုင် ကံမမြို့နယ် ခြောက်ပင်ရွာသူကြီးများ အစည်းအဝေးပွဲကို ဂဠုန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်သည်။ ၁၃-၄-၁၉၃၁ ရက်နေ့ သရက်ခရိုင် ထုံးရွာအနီးတွင် ရာဇဝတ်ဝန်ကြီးမစ္စတာ အေစီ စမစ်ပုလိပ်အဖွဲ့နှင့် တိုက်ပွဲဖြစ်သည်။ ရာဇဝတ်ဝန်ကြီး အပြင် တပ်ဖွဲ့ဝင်များ အထိနာခဲ့သည်။ ၄-၅-၁၉၃၁ ရက်နေ့ ပြည်ခရိုင် ဝက်ထီးကန်အနီး မြို့မရွာတွင် ရာဇဝတ်ဝန်ကြီး မစ္စတာ ဩစတင်အဖွဲ့ကို ဂဠုန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းတိုက်ခိုက် ည့်အတွက် ရာဇဝတ်ဝန်ကြီးနှင့် ပုလိပ်ခုနစ်ဦး ကျဆုံးသည်။ ၁၀-၅-၁၉၃၁ ရက်နေ့ ဟင်္သာတမြို့လယ် ဂတ်ဝင်းအတွင်း ပန်ချာပီတပ်ကို ဂဠုန်တပ်တို့ ဝင်ရောက်တိုက်ခိုက်ရာ ပန်ချာပီ စစ်သားတို့ ဒဏ်ရာရကြသည်။ ၁၅-၅-၁၉၃၁ ရက်နေ့ ဟင်္သာတ ခရိုင် လယ်တီစာဖြူစု ပုလိပ်ကင်းစခန်းကို ဂဠုန်တပ်တို့ ဝင်ရောက်တိုက်ခိုက်ကြသည်။
တော်လှန်ရေးဒေသများ
သာယာဝတီ၊ ဖျာပုံ၊ ဟင်္သာတ၊ အင်းစိန်၊ ပဲခူး၊ ပြည်၊ သရက် ခရိုင်များနှင့် ရှမ်းပြည်နယ် နောင်ချိုတို့တွင် လှုပ်ရှားတိုက်ခိုက် ခဲ့ကြသည်။ ပုသိမ်၊ မအူပင်၊ မင်းဘူး၊ တောင်ငူ၊ ရမည်းသင်းခရိုင် များတွင် စီစဉ်မှုများ ပြုလုပ်ကြသည်။
တော်လှန်သည့်အချိန်ကာလ
နှစ်နှစ်နီးပါး ပြင်းထန်စွာလှုပ်ရှားခဲ့ပြီးနောက် ယာယီအား ဖြင့် တန့်သွားခဲ့သည်။
မိမိဘက်မှ အကျအဆုံးများ
စာရင်းကို နီးကပ်စွာ ခန့်မှန်း၍မရ။ ၁၉၃၁ ခုနှစ် စက်တင် ဘာလ ၁ ရက် ဥပဒေပြုလွှတ်တော်တွင် ထိုစဉ်က ပြည်ထဲရေးဌာန ဝန်ကြီး၏ ဖြေကြားချက်အရ အစိုးရဘက်မှ ၇၈ ယောက် ကျဆုံးပြီး ၉၆ ဦး ဒဏ်ရာရသည်။ တော်လှန်ကြသည့် တောင်သူ လယ်သမားများဘက်မှ ကျဆုံးသူ ၂၀ဝ၀ ခန့်ရှိ၍ ၎င်းအနက် ထက်ဝက်ကျော်မှာ တိုက်ပွဲတွင် ကျဆုံးသူနှင့် ဒဏ်ရာရရှိပြီး ဆေးဝါးမကုသနိုင်၍ သေဆုံးသူများဖြစ်သည်ဆို၏။
နယ်ချဲ့ရန်သူစစ်အင်အား
ဗြိတိသျှနယ်ချဲ့အစိုးရ၏ ပြည်တွင်း စစ်ပုလိပ်အင်အားနှင့် မလုံလောက်၍ အိန္ဒိယမှ စစ်ပုလိပ်တပ်များကို ခေါ်ယူခဲ့ရသည်။ အစိုးရဘက်မှ စုစုပေါင်းအင်အား ၁၁၇၄၀ ကို အသုံးပြုခဲ့သည်။
၁၉၂၉ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ သုံးနှစ်အတွင်း အတည် ပြုပြီး ကြိုးဒဏ်ပေါင်း ၂၈၁ မှု၊ ကြိုးဒဏ်ခံရသူများ ၃၀၂ ဦး၊ တစ်သက်တစ်ကျွန်းခံရသူ ၈၉ ဦး ဖြစ်သည်။
ရေးတော်ပုံခေါင်းဆောင်ဆရာစံ
မွေးသက္ကရာဇ် ၁၂၃၈ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက် အဂ ̄နေ့၊ မွေးရာဇာတိ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်အရှေ့ရွာ၊ မိဘများမှာ တောင်သူလယ်သမားကြီး ဦးကျေး၊ ဒေါ်ဖက်။ ဆရာစံအဖမ်းခံရသည့်နေ့ (၂-၈-၁၉၃၁) ရက်နေ့ ဖြစ်ပြီး သေဆုံးသည့်နေ့မှာ (၂၈-၁၁-၁၉၃၁)ရက်နေ့ (သာယာဝတီထောင်ကြိုးစင်တွင်)ဖြစ်သည်။
အရေးတော်ပုံ ဘာ့ကြောင့်ရှုံးရသလဲ
-ခေတ်မီသော သဘောတရားတစ်ရပ် မကိုင်စွဲနိုင် ခဲ့ခြင်း၊
-ပြည်သူ့တပ်မတော်တစ်ရပ် မတည်ဆောက်နိုင် ခဲ့ခြင်း၊
-နိုင်ငံရေးပါတီတစ်ရပ်၏ ရှေ့ဆောင်မှုမရှိခဲ့ခြင်း၊
-တောင်သူလယ်သမားနှင့် အလုပ်သမားလူတန်း စား မဟာမိတ်ခိုင်မြဲစွာ တည်ထောင်မှုကို အခြေ မပြု၍ ပြည်သူလူထုတစ်ရပ်လုံးကို မစုစည်းနိုင်ခဲ့ခြင်းတို့သည် အဓိကအကြောင်းရင်းများ ဖြစ်သည်။ ထိုအကြောင်းများကြောင့် တောင်သူလယ်သမားတို့၏ အရေးတော်ပုံကြီးတိုက်ပွဲ မှာ ဆုံးရှုံးခဲ့ရသည်ဟု မြန်မာ့နိုင်ငံရေးသုတေ သီများက သမိုင်းပုံရိပ်များကို လေ့လာသုံးသပ် ၍ မှတ်ချက်ပြုခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။
အချုပ်အားဖြင့် တင်ပြရလျှင် ယခုနှစ် မတ်လ ၂ ရက် နေ့တွင် တောင်သူလယ်သမားနေ့၌ အမှတ်တရချီးကျူးဂုဏ် ပြုသောအားဖြင့် ဆရာစံနှင့်တကွ အရေးတော်ပုံတွင် ပါဝင်ခဲ့ သည့် တောင်သူလယ်သမားတို့အား ချီးကျူးဂုဏ်ပြုရင်း သရီရံ ခဏဝိဒံ္ဓသီ- ကပ္တံဌာယိနောဂုံဏ (ခန္ဓာကိုယ်သည် ခဏခြင်း အားဖြင့် ပျက်စီးကျေပျက်သွားသော်လည်း၊ ဂုဏ်တို့သည်ကား၊ ကမ္ဘာတည်လျက်ရှိကြ၏ဆိုသော) ရှင်မဟာသီလဝံသ၏ မဟာရဟနီတိစကား “လူသေသော်လည်း နာမည်မသေ- ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ” ဆိုရိုးစကားများနှင့်အညီ ဆရာစံနှင့်တစ်ကွ တောင်သူလယ်သမားများအား ဂုဏ်ပြု ရေးသား တင်ပြလိုက်ရပါသတည်း။ ။
မြန်မာ့အလင်း