ရန်ကုန်  ၁၃  ဒီဇင်ဘာ

 

(၁၃) ကြိမ်မြောက် အမျိုးသားအဆင့် ဆိပ်ကမ်းလုံခြုံရေး ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်း (JE-13) အခမ်းအနားကို ယနေ့နံနက် နာရီမှ ၁၁ နာရီထိ ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်၊ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မှအရာရှိများ၊ ရေကြောင်းလုပ်ငန်းနှင့် ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးသင်တန်း တက်ရောက်နေသော မြန်မာနိုင်ငံရေကြာင်းရဲတပ်ဖွဲ့မှ သင်တန်းသားအရာရှိများနှင့် ပြည်ပမှ သင်တန်းနည်းပြ အရာရှိများ၊ အေးရှားဝေါလ် ကုမ္ပဏီမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

 

7

 

ရှေးဦးစွာ အေးရှားဝေါလ်ဆိပ်ကမ်းအတွင်းသို့ မသမာသူများ လုံခြုံရေးချိုးဖောက်ပြီး တရားမဝင် ကျူးကျော် ဝင်ရောက်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရာမှ ကုန်သေတ္တာလွင်ပြင်ရှိ အန္တရာယ်ရှိ ကုန်စည်ကုန်သေတ္တာများ မီးလောင်ခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့် ခြင်းကို ပထမအဆင့်အနေဖြင့်လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် အဆိုပါမသမာသူများ၏ အဖျက်အမှောင့်လုပ်ငန်း ကြံစည်ရာမှ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောကြီးပေါ်တွင် တင်ဆောင်ထားသည့် အန္တရာယ်ရှိကုန်စည်များပါဝင်သော ကုန်သေတ္တာများ မီးလောင်ကျွမ်းမှု အား ဆိပ်ကမ်းရှိ မီးငြိမ်းသတ်မှုစနစ်၊ မြေပြင် မီးသတ်တပ်ဖွဲ့နှင့် မြစ်ကြောင်းမှ မီးသတ်ရေယာဉ်ငယ်များပူးပေါင်း၍  မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် ဆိပ်ကမ်းအတွင်းနှင့် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်သို့ လုံခြုံရေး ချိုးဖောက်၍ မီးလောင်မှု ဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သော မသမာသူများအား မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီး၍ အရေးယူဆောင်ရွက်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းအားလည်းကောင်း မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အေးရှားဝေါလ် ဆိပ်ကမ်း၏ ဆိပ်ကမ်းလုံခြုံရေးဝန်ထမ်းများနှင့် MV. Kota Halus ကုန်သေတ္တာတင်သင်္ဘောဝန်ထမ်းများမှ စနစ်တကျ ပူးပေါင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

 

9

 

၎င်းနောက် အဆိုပါ ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်မှု အခြေအနေများအား အေးရှား ဝေါလ် ဆိပ်ကမ်းရှိ ရှင်းလင်းဆောင်တွင် Powerpoint ဖြင့် ပြန်လည်ကြည့်ရှု၍ သုံးသပ် ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းများအား ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အပြည်ပြည်ဆိုင်ဆိမ်ကမ်းများ၏ အမျိုးသားအဆင့် ဆိမ်ကမ်း လုံခြုံရေး ပူးပေါင်းဆက်တိုက် လေ့ကျင့်ဆောင်ရွက်မှုများအား ၂၀၀၇ ခုနှစ်မှ စ၍ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ ယခုအကြိမ်တွင် ၁၃ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း  သတင်းရရှိပါသည်။

 

Credit. MOTC