၂၅ ဇွန်

 

 

ထိုင်းနိုင်ငံ ဘန်ကောက်ရဲ့ အရှေ့မြောက်ဘက် ၉၃ မိုင်အကွာရှိ လော့ဘူရီမြို့ဟာ ထိုင်းနိုင်ငံရဲ့ မျောက်မြို့တော်အဖြစ်  ထင်ရှားပါတယ်။ လော့ဘူမြို့ဟာ လွန်ခဲ့တဲ့ ၁၃ ရာစုက တည်ထောင်ခဲ့မြို့ဖြစ်ပြီး အဲဒီချိန်က လော့ဘူရီပြည်နယ်ရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။

 

 

လော့ဘူရီ မြို့မှာ နေထိုင်သူတွေက သူတို့ဟာ လှောင်အိမ်ထဲမှာ နေသလိုမျိုးခံစားရကြောင်း၊ သံဆူးကြိုးတွေနဲ့ ကာရံထားခြင်းခံရပြီး လူသားတွေ မသွားရဇုန်အဖြစ် ကန့်သတ်ခံထားကြောင်း မြို့ခံအမျိုးသမီးက ပြောပါတယ်။

 

 

လော့ဘူရီရှိ ဖရန် ဆမ်ရွတ်ဘုရားကျောင်းကို ကာရံထားတဲ့ တံတိုင်းပေါ်မှာ မျောက်တွေနဲ့ပြည့်နေပြီး ဘုရားကျောင်းကိုလာတဲ့ ကားတွေမှာရှိတဲ့ ပစ္စည်းတွေဖြုတ်တာမျိုး အထိရှိလာနေပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘုရားကျောင်းတွေနဲ့ မြို့ကို ခရီးသွားတွေ လာရောက်လည်ပတ်မှု မရှိတော့တဲ့အတွက် မျောက်တွေဟာ အစားအစာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီအတွက် မျောက်တွေက ကြမ်းတမ်းတဲ့ အပြုအမူတွေ ပြုလုပ်တာမျိုးအထိ ရှိလာကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုဖိုင်တွေ ပျံနှံ့လာနေတာကိုတွေ့ရပါတယ်။

 

 

မျောက်ဦးရေဟာ သုံးနှစ်အတွင်း နှစ်ဆဖြစ်လာပြီး အခုဆိုရင် ၆,ဝ၀ဝ ရှိလာနေပြီလို့ သိရပါတယ်။ သူတို့ရဲ့ အပြုအမူဟာ လူသားတွေအတွက် သည်းခံနိုင်မှု ကုန်ဆုံးတာမျိုးအထိ ဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

 

 

မျောက်တွေကို အားဖြည့်အချိုရည်တွေ တိုက်ခြင်း၊ အချိုပါတဲ့ မုန့်တွေကို ကျွေးခြင်းဟာ ကလေးမွေးဖွားခြင်းကို ပိုမို တွန်းအားပေးနေသလိုဖြစ်နေကြောင်း  လော့ဘူရီ ဘုရားကျောင်းကို စောင့်ရှောက်နေသူက ပြောပါတယ်။

 

 

မျောက်တွေရဲ့ အပြုအမူနဲ့ မျိုးပွားနှုန်း ဟာတာဝန်ရှိသူတွေ တစ်စုံတစ်ခု ပြုလုပ်ပေးရန် လိုအပ်ကြောင်း နှိုးဆော်ပေးနေသလို ဖြစ်တဲ့အတွက် မျောက်တွေကို မျိုးပွားမှု ထိန်းချုပ်ရန်အတွက် လုပ်နေတာကို အခု သီတင်းပတ် အတွင်းမှာ တွေ့ရပါတယ်။

 

 

လာမယ့် သောကြာနေ့အထိမှာ မျောက်ဦးရေ ၅၀ဝ ကို မျိုးပွားမှု ထိန်းချုပ်ရန် ရည်မှန်းထားပါတယ်။ မျိုးပွားမှု ထိန်းချုပ်မပေးခင် မျောက်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားအဖြစ် တက်တူး ထိုးပေးထားမှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

 

 

MDN

ကိုးကား - AFP