ရန်ကုန်    ဧပြီ    ၈

 

ရန်ကုန်တိုင်းဒေသကြီး    စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်သို့ သွားရောက်၍ ၁၃၈၄ ခုနှစ် မဟာသင်္ကနြ် ရေသဘင်ပွဲတော်အတွက်   ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြစ်ကြသည့်   နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကနြ်မိုး၊ နွေအလှ၊ တူးပို့ တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာ၊ ပန်းမျိုးတစ်ရာ မဏ္ဍပ်များ၊ စတုဒိသာ မဏ္ဍပ်၊ ဆိုင်ခန်းများ တည်ဆောက်ပြီးစီးမှုနှင့် ရေကစား ရန် ရေပိုက်လိုင်းများ သွယ်တန်းထားမှု၊ Springler များ၊ Springler Gunများနှင့် ရေမှုန်ရေမွှားလျှောက် လမ်းများ တပ်ဆင်ထားရှိမှု၊ ရောင်စုံထီးများ အလှတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည်   ရွှေတိဂုံ ဘုရားလမ်း၊ တောင်ဘက်မုခ်အနီး မဟာဝိဇယစေတီ တော်အတွင်း ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးစီး စည်ပင်သာယာဝန်ထမ်းများပူးပေါင်း အင်အား ဖြင့် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်း များခုတ်၍ အလင်းဖွင့်ခြင်း၊ အမှိုက်နှင့် သစ်ရွက် ခြောက်ကြွမျေား လှဲကျင်းသိမ်းဆည်းခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်‌ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်   အနော်ရထာလမ်းတစ်လျှောက် ကတ္တရာကွန်ကရစ်(AC) ထပ်ပိုးလွှာခင်းကျင်း၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း မြို့တော်ခန်းမရှေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကနြ်ရေသဘင် ပွဲတော်ဖျော်ဖြေရေးမဏ္ဍပ်၊  ရေကစားမဏ္ဍပ်နှင့် ဧည့်ခံရေးမဏ္ဍပ်များ တည်ဆောက်နေမှုနှင့် မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလ ပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကနြ် ရေကစားမဏ္ဍပ် များ တည်ဆောက်ပြီးစီးမှုနှင့် Springler များ၊ Springler Gun များနှင့် ရေမှုန်ရေမွှား လျှောက်လမ်း များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ် များကြံ့ခိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်  မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်သည် နံနက် ၁၁ နာရီခွဲ တွင် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၁)၌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်   မဟာသင်္ကနြ်ရေသဘင်ပွဲတော် အတွင်း မြို့တော်သူ မြို့တော်သားများပျော်ရွှင် ချမ်းမြေ့စေရန် ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးမှ ဖျော်ဖြေရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး   ညှိနှိုင်းအစည်းအဝေးသို့   တက်ရောက်အမှာ စကား ပြောကြားသည်။

 

ဆက်လက်၍ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက် ရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး ချုပ်) ဒေါက်တာတိုးအောင်က နေ့အလိုက် ဖျော်ဖြေ ရေးအတွက် လျာထားသည့်အစီအစဉ်ကို ရှင်းလင်းတင်ပြရာ ရုပ်ရှင်၊ သဘင်၊ ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများက  အစည်းအရုံးအလိုက် တာဝန်ခွဲဝေယူဆောင်ရွက်မည့် ကဏ္ဍ အသီးသီးကို  ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက်  တက်ရောက်လာသူများ၏   အပြန် အလှန်ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကနြ်ပွဲတော် ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ   ရန်ကုန်မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး “ရန်ကုန်မြို့ တော်သူ မြို့တော်သားများ  မဟာသင်္ကနြ်ပွဲတော် ကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စေရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးမှ ဖျော်ဖြေတင်ဆက်မှုများ အဆင်ပြေချောမွေ့စေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန်” မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်