သရက်ချောင်း၊ မေ ၃

 

၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမိုင်းဝင်ရှင်တောင့်ပုံဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်၊ သီလ ဆောက်တည်သူများ၊  ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားအေးချမ်းလျက် ရှိကြောင်းသိရသည်။

 

ကဆုန်လပြည့်နေ၏ ထူးခြားချက်မှာ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မှုသောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဟူသည့် ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်နေ့  (ဗုဒ္ဓနေ့) ဟု ခေါ်ဆိုခဲ့ကြသည်။

 

ကဆုန်လပြည့်နေ့တွင် သရက်ချောင်းမြို့နယ် သမိုင်းဝင် ရှင်တောင့်ပုံဘုရားနှင့် ကျေးရွာ/ ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဥပုသ်၊ သီလ ဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အေးချမ်းလျက်ရှိသည်။ အဆိုပါဘုန်းတော်ကြီးကျောင်းများတွင် နံနက် (၈) နာရီမှစ၍ ဆရာတော်များက ဥပုသ်၊ သီလဆောက်တည်သူများအား ငါးပါးသီလပေးခြင်း၊ တရားဘာဝနာများ နာယူစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး တရားအားထုတ်သူများအား ဒါကာ/ဒါကာမများက အာဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်းသိရသည်။

 

ပြည့်ဖြိုးပိုင်(သရက်ချောင်း)