၁၇ သြဂုတ်
၂၀၁၈ ခုနှစ်အတွက် ပြီးဆုံးသွားပြီဖြစ်သည့် "Myanmar Idol Season 3" သီချင်းဆိုပြိုင်ပွဲအနေဖြင့် ပရိသတ်များကြား ဝေဖန်မှုအမျိုးမျိုးနှင့် ကျန်ရှိနေသေးပြီး၊ ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး" Myanmar Idol Season 3 Winner ဖြိုးမြတ်အောင်က "ကျွန်တော်ဝေဖန်မှုတွေကိုခံနိုင်ပါတယ် နယ်မှာကျွန်တော် ၁၄ နှစ်သားလောက်တည်းက သီချင်းတွေ ဆိုဖူးတယ်။ တုတ်တွေနဲ့အပစ်ခံရတယ်။ တစ်ရွာနဲ့တစ်ရွာ အပြိုင်အဆိုင်တွေ လုပ်တာဆိုတော့ ကျွန်တော့်ကိုတော့ ပစ်တာမဟုတ်ဘူးပေါ့။ ဓားတွေနဲ့ခုတ်တာတောင် ကြုံဖူးတော့ စကားလုံးတွေနဲ့ ဝေဖန်တိုက်ခိုက်တာကို ကျွန်တော်ခံနိုင်ရည် ရှိပြီးသားပါ။
ညီမလေး ချမ်းမြေ့မောင်ချိုအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ သူလည်းဆိုချင်မှာပဲလေ။ ခုလိုဆုရသွားတဲ့ အပေါ်မှာလည်း ကျွန်တော်အရမ်းပျော်တယ်။ အားပေးကြတဲ့မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ပါတယ်။ လောလောဆယ်တော့ Myanmar idol နဲ့စာချုပ်ချုပ်ထားတာရှိတယ်။ သီချင်းခွေထုတ်ပေးဖို့ အတွက်လည်း ဆက်လုပ်သွားပါ့မယ်။ ပရိသတ်တွေအတွက် အများကြီးကြိုးစားသွားမှာပါ။ ဆက်ပြီးတော့ ဂီတလမ်းကြောင်းမှာ ရှိနေအုံးမှာပါ" ဟု ပြောဆိုသည်။
ကိုလင်း