ပြင်ဦးလွင် ၂၃ အောက်တိုဘာ
၂၀၁၉ ခုနှစ် (၁၅)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်သည်။
တန်ဆောင်တိုင်ပွဲတော်တွင် ဆီမီး ( ၉၀ဝ၀ )၊ မသိုးသင်္ကန်းယက္ကန်းခတ်ပူဇော်ပွဲ၊ နေ့အရုပ်လှမီးပုံးပျံ၊ ညစိန်နားပန် မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံများ၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ ၊ အဝေးထိန်း လေယာဉ် ငယ်များ ပျံသန်းမှုပြိုင်ပွဲများနှင့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ စသည့်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ပွဲတော်ဖွင့်ပွဲတွင် မီးပုံးပျံအသင်းများမှ မီးပုံးပျံငယ်အလုံး ၁၀ဝ၀ အား လွှတ်တင်မည်ဖြစ်ပြီး ဆုရရှိသောပြိုင်ပွဲဝင်အသင်း များကို တာဝန်ရှိသူများမှ ဆုများထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ မှ သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )


