၂၁ ဇွန်
လာမည့် ရက်သတ္တပတ်များတွင် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့် ပိုမိုနီးကပ်လာနိုင်ကြောင်း နာဆာက ထုတ်ပြန်ထားသည်။ ကမ္ဘာမှ မြင်ရသည့် အင်္ဂါဂြိုဟ်သည် လွန်ခဲ့သော ၁၅ နှစ်ကထက် အလင်းရောင် ပိုမိုတောက်ပလာနိုင်ပြီး အရွယ်စားလည်း ကြီးမားလာနိုင်ကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက်နေ့တွင် အင်္ဂါဂြိုဟ်သည် ၎င်း၏ ဂြိုဟ်ပတ်လမ်းအတွင်း ကမ္ဘာမှ ကီလိုမီတာ သန်းပေါင်း ၅၇ ဒသမ ၆ ကီလိုမီတာ အကွာအဝေးကနေ ပတ်သွားမှာဖြစ်ကာ အဆိုအပါ အကွာအဝေးသည် ၂၀ဝ၃ ခုနှစ်နောက်ပိုင်း ကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့အကြား အနီးဆုံး အကွာအဝေးဖြစ်သည်။
အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့် နီးကပ်လာချိန်တွင် ဂြိုဟ်၏ အလင်းရောင် ပိုမိုတောက်ပလာပြီး ကမ္ဘာပေါ်မှ အလွယ်တကူ မြင်ရလေ့ရှိသည်။ အဆိုပါ ဖြစ်ရပ်မျိုးသည် ၁၅ နှစ် သို့မဟုတ် ၁၇ နှစ်အတွင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ၂၀ဝ၃ ခုနှစ်က ကီလိုမီတာ သန်းပေါင်း ၅၅ ဒသမ ၇ ကီလိုမီတာထိ ကမ္ဘာနှင့် နီးကပ်ခဲ့ကာ ထိုအကွာအဝေးသည် နှစ်ပေါင်း ၆၀ဝဝဝ အတွင်း အနီးဆုံး အကွာအဝေးဖြစ်ခဲ့သည်။
“ ဂြိုဟ်နီးကပ်လာချိန်မှာ သာမန်မျက်လုံးနဲ့တောင် ကြည့်လို့ရနိုင်တာကြောင့် အနီးဆုံးအချိန်နဲ့ လွဲချော်သွားစရာမရှိပါဘူး။ ဂြိုဟ်နီးကပ်လာချိန်မှာ နေဝင်ချိန်လို လိမ္မော်ရောင် အရောင်တောက်ပနေမှာဖြစ်ပြီး ဂျူပီတာ၊ ဗီးနပ်စ်နဲ့ အခြားကြယ်စုတွေထက် ပိုမိုတောက်ပနေမှာ ဖြစ်ပါတယ်။ လအတော်ကြာအောင် ညဘက်တွေမှာ မြင်နေရမှာပါ။” ဟု နက္ခတ္တ ဗေဒပညာရှင် ဒီအန် ရီဂတ်(စ်)က ပြောသည်။
သို့သော် အင်္ဂါဂြိုဟ်၏ အလင်းရောင်သည် သြဂုတ်လလယ်ပိုင်းတွင် ပြန်လည် မှေးမှိန်သွားလိမ့်မည်ဖြစ်ကြောင်း သိရသည်။
ဘာသာပြန် - SMZaw (MDN)
ကိုးကား - ဆင်ဟွာ