ပုလော ၁၈    မတ်    

         

နှစ်စဉ်အစဉ်လာမပျက် ကျင်းပပြုလုပ်သော ပုလောမြို့နယ်လုံးဆိုင်ရာ ပါဒစက်တော်ရာ (ခြေတော်ရာ) ဘုရားပွဲတော်ကို COVID_19 ကူးစက်မှုမရှိစေရန် ဘုရားပွဲတော်ကြီးကို ကျင်းပပြုလုပ်တော့မည် မဟုတ်ကြောင်း ဘုရားပွဲတော် ကြီးကြပ်ရေး ကော်မတီဝင်များထံမှ သိရသည်။

 

နှစ်စဉ် (၁၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်သည့် ဘုရားပွဲတော်ကြီးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID_19 ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပြီး အဆိုပါရောဂါသည် လူစုလူဝေး များပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဧပြီလ (၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  (၁၅၁) ကြိမ်မြောက် ဘုရားပွဲတော်ကို ကျင်းပပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

 

ထူးဝေယံ(ပုလော)