မိုးညှင်း ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် (၁၅၄)ကြိမ်မြောက် အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်စေတီ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၇ ရက်မှ တပေါင်းလပြည့်နေ့အထိ ကျင်းပမည်ဖြစ်ရာ တပေါင်းလဆန်း ၇ ရက် နံနက်ပိုင်းတွင် စေတီအောင်သိဒ္ဓိ ဓမ္မာရုံ၌ ပဋ္ဌာန်းဖွင့်ပွဲ စတင်ကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့်နေ့ နံနက်ပိုင်းတွင်း ပဋ္ဌာန်းပိတ်သိမ်းပွဲ ကျင်းပမည်ဖြစ်သည်။ တပေါင်းလပြည့်နေ့ နံနက် ၅ နာရီတွင် ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကို ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း၍ နံနက် ၉ နာရီတွင် ဘုရားအနေကဇာတင်ပွဲ ကျင်းပမည်ဖြစ်သည်။ မွန်းလွဲ ၁ နာရီတွင် အင်းတော်ကြီးရွှေမဉ္ဇူစေတီ ရင်ပြင်ပေါ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်ဖြစ်ရာ အင်းတော်ကြီးပတ်လည်ရှိ ကျေးရွားများ၊ ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်များက ပင့်သံဃာတော်များ၊ ရပ်နီရပ်ဝေးမှ ဘုရားဖူးလာ သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။
ဆီမီးခုံ-နန်းရီ