နေပြည်တော် ၁၂ စက်တင်ဘာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့သည် ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာ ကုန်စည်ပြပွဲများကို သွားရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
(၁၆) ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 16th China-ASEAN Expo) နှင့် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (The 16thChina-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ရာ၊ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ နေပြည်တော်ဖုန်း၊ ဝ၆၇-၄၃၀၁၂၈/ ၄၃၀၄၄၆/၄၃၀၄၄၇၊ ဖက်(စ်) ဝ၆၇-၄၃၀၁၂၈၊email: moctradefair @gmail.comနှင့် မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း၊ဝ၁-၂၅၄၀၂၄၊ email:[email protected] တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


