(၁၆.၉.၂၀၁၉ မှ .၂၀.၉.၂၀၁၉) ထိ ကုန်စည်ဈေးနှုန်းများ 

ဆန်၊ စပါး


ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝါးတန်းဈေးကွက်မှာလည်း ပထမတန်းစား ဆန်တွေ ဖြစ်တဲ့ ပေါ်ဆန်းတွေက ဈေးကျဆင်းသွား ခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။


ဧရာဝတီဆန်စပါးဈေးကွက်မှာလည်း  စပါးဈေးတွေရော ဆန်ဈေးတွေရော ဈေးက ကျဆင်းသွားပါတယ်။ အသစ်တွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် အရောင်းအဝယ်နည်းပြီး ဈေးကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။


ရန်ကုန်ဝါးတန်းဈေးကွက်မှာတော့ ပေါ်ဆန်းဖျာပုံက တစ်အိတ်ကို ၃၆၀ဝ၀ ကနေ ၃၈၀ဝ၀ ရှိပြီး ၂၀ဝ၀ ကျပ်၊ မော်ကျွန်းပေါ်ဆန်းက တစ်အိတ်ကို ၃၂၀ဝ၀ ကနေ ၃၈၀ဝ၀ ကျပ်ရှိပြီး ၂၅၀ဝ ကျပ်၊ဘိုကလေး ပေါ်ဆန်းက တစ်အိတ်ကို ၃၃၀ဝ၀ ကနေ ၃၅၀ဝ၀ ပေါက်ဈေးရှိပြီး ၃၀ဝ၀ ကျပ်၊မြောင်းမြပေါ်ဆန်းက ၄၀ဝ၀ဝ ကနေ ၄၄၀ဝ၀ ပေါက်ဈေးရှိပြီး ၅၀ဝ ကျပ်၊ ရွှေဘိုပေါ်ဆန်းကတော့ ၅၇၀ဝ၀ ကနေ ၆၀ဝ၀ဝ ပေါက်ဈေးရှိပြီး ၁၀ဝ၀ ကျပ်အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။


ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀ဝ ကို ၉၁၀ဝ၀ဝ ပေါက်ဈေးရှိပြီး ၄၀ဝ၀ဝ ကျပ်၊ ဆန်က တစ်အိတ်ကို ဈေးရှိပြီး ၄၀ဝ၀ဝ ကျပ်၊ ဆန်က တစ်အိတ်ကို ၃၉၀ဝ၀ ကျပ်ရှိပြီး ၁၀ဝ၀ ကျပ် ၊ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀ဝ ကို ၈၇၆၀ဝ၀ ပေါက်ဈေးရှိပြီး ၄၄၀ဝ၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၄၂၀ဝ၀ ကျပ်ရှိပြီး ၁၀ဝ၀ ကျပ်၊ ဒေးဒရဲ ပေါ်ဆန်းစပါးက တင်း ၁၀ဝ ကို ၈၈၅၀ဝ၀ ပေါက်ဈေးရှိပြီး ၅၀ဝ၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀ဝ ကို ၉၀၂၀ဝ၀ ပေါက်ဈေးရှိပြီး ၆၀ဝ၀ ကျပ် အသီးသီး ဈေးကျဆင်းသွားခဲ့ပါတယ်။


လက်ရှိမှာတော့ စပါးအသစ်တွေထွက်ရှိတော့မှာဖြစ်တဲ့အတွက် ထွက်ရှိလာတဲ့ စပါးတွေကို ဈေးနှုန်းသတ်မှတ် ဝယ်ယူပေးရန် တောင်သူများက တောင်းဆိုမှုတွေပြုလုပ်နေပါတယ်။


မတ်ပဲ(FAQ/RC)


မတ်ပဲကတော့ ဈေးကွက်အတွင်း အနည်းငယ်လှုပ်ခတ်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း အိန္ဒိယကို ပဲအပြီး တင်သွင်းမှု ပြုလုပ်ရမှာဖြစ်တဲ့အတွက်  ကုန်သည်တွေက ပြန်အဝယ်လိုက်လာပြီးဈေးက အနည်းငယ် ပြန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။


ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၇၇၉၀ဝ၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တစ်တန်ကို ၂၀ဝ၀ဝ ကျော်ဈေးတက်လာခဲ့ပါတယ်။


မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၁၅၀ဝ ကျပ် နဲ့ ၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေးတက်လာပါတယ်။


လက်ရှိမှာတော့ ပဲဈေးကွက်အတွင်း ဈေးတက်မယ် ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲဈေးကွက်အတွင်း လှုပ်ခတ်နေပြီး ချင့်ချိန် ဝယ်ယူမှုတွေ ပြုလုပ်ရန် ကုန်သည်ကြီးတွေက ပြောဆိုထားပါတယ်။


ပဲစင်းငုံနီ


ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပတ်လုံး အရောင်းအဝယ်မရှိပဲ ငြိမ်နေခဲ့ပါတယ်။ဈေးကွက်အတွင်းမှာလည်း အကျဈေးနဲ့ အနည်းငယ် အရောင်းအဝယ် ဖြစ်နေပါတယ်။


ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အနည်းငယ်ဈေးတက်လာပြီး ၈၅၅၀ဝ၀ နဲ့ ဈေးပြန်ဖွင့် ခဲ့ပါတယ်။ မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၂၇၆၀ဝ နဲ့ ၂၀ဝ ကျပ်ဈေးတက်လာခဲ့ပါတယ် ။ ပခုက္ကူကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၂၉၀ဝ၀ ကျပ် နဲ့ ၅၀ဝ ကျပ်ဈေးတက်လာ ပြီး ပြ ည်ကုန်စည်ဒိုင်မှာ လည်း တစ်တင်းကို ၂၇၀ဝ၀ ကျပ်နဲ့ ၅၀ဝ ကျပ်အသီးသီးဈေးတက်လာပါတယ်။


ကြက်သွန်နီ


ပြီးခဲ့တဲ့ အပတ်က တိုက်ပွဲတွေကြောင့် တင်ပို့မှု ရပ်နားထားတဲ့အတွက် ပြည်တွင်း ကြက်သွန်ဈေးတွေ ကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်လာပြီ ဖြစ်တဲ့အတွက်ဈေးက ပြန်တက်လာခဲ့ပါတယ်။ နေ့စဉ် ကုန်အဝင်ကတော့ တန်ချိန်  ၅ သောင်းခန့် ရှိနေပါတယ်။


ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီကတစ်ပိဿာကို ၅၂၅ ကျပ်ကနေ ၉၇၅ ကျပ်ပေါက်ဈေးရှိပြီး ၁၀ဝ ကျပ် ဈေးတက်လာပါတယ်။


ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ငွေကျပ် ၅၀ဝ ကနေ ၇၂၅ ကျပ် ပေါက်ဈေးရှိပြီး ၇၅ ကျပ်လောက် ဈေးတက်လာပါတယ်။


အာလူး


အာလူးဈေးကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ် ပြန်တက်လာပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲရှိနေပါတယ်။


ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂၇၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး ၂၀ လောက်ဈေး ပြန်တက်လာပါတယ်။


MDN