(၁၇)ကြိမ်မြောက် ကမ္ဘာ့သက်ငယ်တန်း အမျိုးသမီးပီတန်းပြိုင်ပွဲတွင် ခင်ချယ်ရီသက် တတိယဆုရရှိ

ရန်ကုန်  ၂၄  နိုဝင်ဘာ 

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော 17th  Juniors & Women Petanque World Championship 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ခင်ချယ်ရီသက်က အမျိုးသမီး တစ်ဦးချင်း 3rd Place Women Shooting  ပြိုင်ပွဲ၌ ကမ္ဘာ့အဆင့်(၃) ဆုတံဆိပ်ကို ရရှိခဲ့ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

002

 

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း(၅၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် ကမ္ဘောဒီးယားက ပထမ၊ လာအိုအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယ၊ အသင်းလိုက်ပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၉)ရရှိခဲ့သည်။

 

003

 

အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးထွန်းနှင့် အောင်ပွဲရအဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

MDN

 

004