ကလော ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကလောမြို့နယ် နန်းတိုင်း ကျေးရွာအုပ်စု ဆောင်းဘွဲ့ရွာတွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ (၁၇)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ မုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌတို့က ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၁၇)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ​ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)