ရန်ကုန် ၁၄ မတ်
စာရေးဆရာကြီး ဆရာဝန်တင်ရွှေ အထိမ်းအမှတ် စာပေဆုများကို ၂ဝဝ၁ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ရာ ယခုနှစ်အတွက် “စာပေဂုဏ်ဆောင်ဆုနှင့်အတူ စာမူဆုတစ်ဆု အပါအဝင် ၂၀၁၈ ခုနှစ်ထုတ် စာအုပ် ၃ အုပ်ကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဆရာဝန်တင်ရွှေ စာပေဆု ချီးမြှင့်ခံရသည့် စာအုပ်များမှာ ၂ဝ၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များအနက်မှ ဆရာမကြီးကြူကြူသင်း ရေးသားပြီး ကောင်းကင်မေ စာပေတိုက်မှ ထုတ်ဝေသော “မှတ်မိနေတယ်” စာအုပ်၊ ဒေါက်တာမေမိုးနွယ် ရေးသားပြီး Myanmar Book Centre စာအုပ်တိုက်မှ ထုတ်ဝေသော “သွယ်လျကျန်းမာ တစ်သက်တာ” စာအုပ်နှင့် Dr. Aung Than Batu ရေးသားပြီး MMA Publishing House မှ ထုတ်ဝေသော “A Concise History of Medical Education in Myanmar (1886 to 2015)” စာအုပ်တို့ဖြစ်ပြီး စာမူဆုအနေဖြင့် ဆရာကြီးဦးသိန်းခိုင်(ဘဏ်) ရေးသားပြုစုသော “ငွေကြေးဆိုင်ရာ စီးပွားရေးရာ” စာမူဆုနှင့် ဆရာဝန်တင်ရွှေ စာပေဂုဏ်ဆောင်ဆုအဖြစ် “ဆရာကြီး ဒေါက်တာမောင်မောင်ညို” တို့ကို ဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။
စာပေဆုအခမ်းအနားကို မကြာမီကျင်းပမည်ဖြစ်ပြီး စာပေဆုများနှင့်စပ်လျဉ်း၍ သိရှိလိုပါက တင်ရွှေစာပေ ဖုန်းနံပါတ် ၀၉ - ၅၁၁၇၆၃၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်