မန္တလေး ၁၆ ဇန်နဝါရီ
(၁၈)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ရှိ ကန်တော်ကြီး လူထုအပန်းဖြေဉယျာဉ်တွင် ကျင်းပပြုလုပ်ရာ လာရောက်လေ့လာသူများအား သစ်ပင်/ပန်းပင်မျိုးစုံ ပျိုးပင်ပေါင်းသုံးသောင်းအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး ပျိုးဉယျာဉ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး သစ်ပင်မျိုးစုံ ပျိုးပင်ပေါင်း သုံးသောင်းအား လာရောက်လေ့လာသူများအား နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ မိမိကြိုက်နှစ်သက်ရာ ပျိုးပင်ကို တစ်ဦးလျှင် တစ်ပင်နှုန်းဖြင့် အခမဲ့ပေးသွာမှာပါ၊ သစ်ပင်/ပန်းပင် အမျိုးအစား(၅၀)ကျော် ပါဝင်ကြောင်း၊ ပွဲကငါးရက်ကျင်းပမှာဆိုတော့ တစ်ရက်ကို ပျိုးပင်ခြောက်ထောင် ပေးသွားမည်ဖြစ်ကြောင်း၊ Smart City မြို့တော်မှာ မြို့နေလူထုတွေ စိုက်ပျိုးရေးအား စိတ်ပါဝင်စားပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်အောင် ရည်ရွယ်ပြီး ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပျိုးဉယျာဉ် လုပ်ငန်းရှင်များအသင်း ဒုတိယဉက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
(၁၈)ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ (၅)ရက်ကြာ နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လာရောက်လေ့လာသူများအား သစ်ပင်/ပန်းပင်မျိုးစုံ ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)