(၁၉) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား (19th)ASEAN – COCI Subcommittee on Information Meeting ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်

ရန်ကုန် ၆  မတ် 

(၁၉) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (19th)ASEAN – COCI Subcommittee on Information Meeting  ဖွင့်ပွဲကို    ယနေ့  နံနက် ၉ နာရီ တွင်  ရန်ကုန်မြို့  တာမွေမြို့နယ် ရှိ Sky Star Hotel ၌ ကျင်းပရာ   ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဌများ  ၊ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ  အခမ်းအနားကို အာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူလေးများက တို့အာဆီယံနှင့် ထာဝရမြန်မာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

အစည်းအဝေးတွင် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် မဏ္ဍိုင်အသီးသီးရှိ  အစည်းအဝေးများမှ  ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်များ  လက်ရှိပြန်ကြားရေး ကဏ္ဍဆိုင်ရာ  လုပ်ငန်းစဉ်များအပေါ်  သုံးသပ်ဆွေးနွေးခြင်း၊  ရှေ့လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လျာထားခြင်း ၊ အာဆီယံယဉ်ကျေးမှု ရံပုံငွေ ( ASEAN Cultural Fund ) သုံးစွဲမှု  ဘဏ္ဍာရေးဆိုင်ရာ  လုပ်ထုံးလုပ်နည်းများနှင့်  အကြိမ်(၂၀)မြောက် SCI  Meeting  ကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းများကို ဆွေးနွေးသွားကြမည်ကြောင်း  သိရသည်။

(သတင်းစဉ်)

 

SHARE THIS ON SOCIAL MEDIA