(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာနှင့်ထိုင်း အမျိုးသားဘောလုံး ဖိုင်နယ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဒီဇင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲကျင်းပပုံများကို ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ MRTV Sport Channel နှင့် MRTV Facebook တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွား မည်ဖြစ် ကြောင်းသိရသည်။ 
 
(သတင်းစဉ်)