(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအား ကစားကွင်း Indoor Stadium (B)၌ ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ MRTV Sport Channel နှင့် MRTV Facebook တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
 
(သတင်းစဉ်)