ရန်ကုန် ၃၀ ဇန်နဝါရီ
(၁၉)ကြိမ်မြောက် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် နိုင်ငံတစ်ဝှမ်းရှိ မြန်မာ့ရိုးရာခြင်းပညာရှင် အဖွဲ့ပေါင်း ၃၃ဝ ဖွဲ့က ယနေ့မှစ၍ ဖေဖေါ်ဝါရီ ၁၂ ရက်ထိ ခြင်းအလှခတ် ကစားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော စိတ်ဓာတ် အရင်းခံ၍ မင်းဓမ္မခြင်းရုံ၌ ရန်ကုန်တိုင်း ခြင်းလုံးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်မြင့်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ခြင်းအလှခတ် ကစားခဲ့ကြသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


