1st Nay Pyi Taw Bike Week (2019) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ၃၀   နိုဝင်ဘာ

 

နေပြည်တော်၌ပထမအကြိမ် မြန်မာနိုင်ငံအတွင်းရှိ အပျော်တမ်းဆိုင်ကယ် စီးနင်းကြသူများ တွေ့ဆုံကြမည့် 1st Nay Pyi Taw Bike Week (2019) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရေပန်းဥယျာဉ်အဝင်မုဒ်ဦးရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ The Beasts MC အဖွဲ့နှင့် အပျော်တမ်းဆိုင် ကယ်စီးနင်းကြသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင် က မြန်မာနိုင်ငံတွင်း အပျော်တမ်းဆိုင်ကယ် စီးနင်းကြသူများ တွေ့ဆုံကြမည့် 1st Nay Pyi Taw Bike Week (2019) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဆိုင်ကယ်စီးနင်းကြမည့် သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် The Beasts MC အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံအတွင်းရှိ အပျော်တမ်း ဆိုင်ကယ်စီးနင်းကြသူများအဖွဲ့သည် နေပြည်တော်ရေပန်း ဥယျာဉ်အဝင်မုခ်ဦးရှေ့မှ စတင်၍ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အတွင်း ဆိုင်ကယ်များကို ပျော်ရွှင်စွာ လှည့်လည်စီးနင်းခဲ့ကြပြီး နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)