မြင်းမူ  ၁၀  ဖေဖော်ဝါရီ


၂ဝ၂ဝပြည့်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁ဝ၅)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံပါဝင်သော ပြိုင်ပွဲအသီးသီးကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲအဖြစ် ဗိုလ်ချုပ်မွေးနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ပြုလုပ်ရာ မြင်းမူမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူပေါင်း(၂၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်မှုရရှိစေရန် ရည်ရွယ်ပြုလုပ်သော စိတ်ကြိုက်ဆေးရောင်စုံပန်းချီပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ရေးဖြေပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာသို့ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့်မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။

 

a

 


ယခု ကျင်းပပြုလုပ်သည့် ပြိုင်ပွဲအသီးသီးသို့ အလယ်တန်းနှင့်မူလတန်း ပြိုင်ပွဲဝင်ကျောင်းသားကျောုင်းသူ စုစုပေါင်း(၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အဆင့်ကျင်းပမည့် ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွင် ဆုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)