ယိုကိုဟားမား တရာရုံးက ၂ ဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
အသက်၂၆ နှစ်အရွယ် ကာဇူဟို အစ်ဟီဘာရှီသည် ကုန်တင်ယာဉ်ကို မဆင်မခြင် မောင်းနှင်သောကြောင့် တွမ်မီ အမြန်လမ်းပေါ်ရှိ အခြား မော်တော်ယာဉ်ကို ပြီးခဲ့သည့် နှစ်က တိုက်မိခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် လင်မယားနှစ်ဦး သေဆုံးပြီး ၎င်းတို့၏ သမီး ၂ ဦး မှာ ဒဏ်ရာရရှိခဲ့သည်။
ကာဇူဟို အစ်ဟီဘာရှီသည် ၎င်း၏ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုကြောင့် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတို့ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ကာဇူဟို အစ်ဟီဘာရှီ ၏ ရှေ့နေက အစ်ဟီဘာရှီ သည် ယာဉ်တိုက်မှု ဆိုးဆိုးရွားရွားဖြစ်ချိန်တွင် ယာဉ်ပေါ်တွင် မရှိခဲ့သဖြင့် ကာဇူဟို အစ်ဟီဘာရှီ နှင့် အပြစ်မရှိကြောင်း ခုခံပြောဆိုခဲ့သည်ဟု သိရသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို