လစ်ဗျားနိုင်ငံ၏ စုစုပေါင်းရေနံထုတ်လုပ်မှုသည်  ဇွန် ၂၁ ရက်တွင် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၄၉ သန်းခန့်အထိရှိလာခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း အမျိုးသား ရေနံကော်ပိုရေးရှင်း (NOC) က ထုတ်ပြန်သည်။

ရေနံစိမ်းထုတ်လုပ်မှုမှာ တစ်ရက်လျှင် စည် ၁ ဒသမ ၄၄ သန်းရှိပြီး သဘာဝဓာတ်ငွေ့ရည်ထုတ်လုပ်မှုမှာ တစ်ရက်လျှင် ၄၉၁၆၃ စည်ရှိကြောင်း သိရသည်။ လစ်ဗျားနိုင်ငံသည် အစိုးရဝင်ငွေ၏  ၉၀ ရာခိုင်နှုန်းကျော်နှင့်  ပို့ကုန်ဝင်ငွေ၏  ၉၅ ရာခိုင်နှုန်းကျော်မှာ ရေနံကဏ္ဍအပေါ် မှီခိုနေရကြောင်း  နိုင်ငံတကာခန့်မှန်းချက်များအရ သိရသည်။ 

ထို့ပြင် အမျိုးသားရေနံကော်ပိုရေးရှင်းသည် ယခုနှစ်  မေလအတွင်း အမေရိကန်ဒေါ်လာ  ၄  ဘီလီယံ နီးပါး ဝင်ငွေရရှိခဲ့ပြီး ယင်းမှာ ၁၀ နှစ်အတွင်း လစဉ်ဝင်ငွေအများဆုံးရရှိခဲ့သည့်လဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။                    

ဆင်ဟွာ