နေပြည်တော် ၂၆ နိုဝင်ဘာ
Artillery Gunners foundation မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အငြိမ်းစားတပ်ဖွဲ့ဝင်များနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီတွင် မိတ္ထီလာမြို့ရှိ မုန်တိုင် အမြောက်သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ Artillery Gunners foundation မှ အမှုဆောင်များ၊ တပ်ဖွဲ့အသီးသီးမှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်၊ မန္တလေးတပ်နယ်နှင့် နေပြည်တော် တပ်နယ်တို့မှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ထူးချွန်ဆုရကျောင်းသား၊ကျောင်းသူ ၇၄ ဦးနှင့် မိဘများတက်ရောက်ခဲ့ကြပြီး Artill ery Gunners foundation ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လွန်းသီ (ငြိမ်း) နှင့် အမှုဆောင်များက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)