နေပြည်တော် ၂၀ ဇွန် 
    

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မေလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၁၃၀၆) သန်း နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၁၈၅) သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၄၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ မေလ ထိ) ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀ဝ၅၄) သန်း၊ ပြည်ပသွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၉၇၂) သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၀၂၆) သန်း ဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် (၁၂၅၂) ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် (၇၈၈) ဒေါ်လာသန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၄၆၄) သန်း  ပိုမိုခဲ့ပါသည်။
    

ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည် -


                                                                                                                                                                                                          တန်ဖိုးဒေါ်လာသန်းပေါင်း

 

1