နေပြည်တော် ၁၉ စက်တင်ဘာ

 

၁။    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ သြဂုတ်လထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၅၄၇၄) သန်း နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၆၅၇၇) သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၂၀၅၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် အမေရိကန် ဒေါ်လာ (၁၅၃၀ဝ) သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ (၁၅၈၀ဝ) သန်းနှင့် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ (၃၁၁၀ဝ) သန်းဖြစ်သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (သြဂုတ်လထိ) ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀၁) ရာခိုင်နှုန်း၊ သွင်းကုန် ( ၁၀၅) ရာခိုင်နှုန်းနှင့် ကုန်သွယ်မှု ပမာဏ (၁၀၃) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ပင်လယ်ရေကြောင်းနှင့် နယ်စပ် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏ လျာထားချက် အပေါ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (သြဂုတ်လထိ) (ယာယီ) ဆောင်ရွက်နိုင်မှုရာခိုင်နှုန်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

 

mdn


 
၂။    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (သြဂုတ်လထိ) ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုအနေဖြင့် လယ်ယာ ထွက်အုပ်စုတွင် ဒေါ်လာ (၃၀၃၂) သန်း၊ တိရစ္ဆာန်ထွက်အုပ်စုတွင် ဒေါ်လာ (၃၄၁) သန်း၊  ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် ဒေါ်လာ (၆၇၅) သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် ဒေါ်လာ (၁၃၆၃) သန်း၊ သစ်တောထွက်ပစ္စည်းအုပ်စုတွင် ဒေါ်လာ(၁၅၇) သန်း၊ စက်မှုကုန်ချောအုပ်စုတွင် ဒေါ်လာ (၉၁၆၄) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ဒေါ်လာ (၇၄၁) သန်း အသီးသီးတင်ပို့နိုင်ခဲ့ပြီး အဓိက ပို့ကုန်ပစ္စည်းများ ဖြစ်သည့် ပဲမျိုးစုံများ၊ ရေထွက်၊ တိရစ္ဆာန်ထွက် အုပ်စုများအပြင် CMP အထည်ချုပ်ပစ္စည်းများအား ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း sssဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည်  ယခင်နှစ် ကာလတူထက် လျော့နည်းခဲ့ပါသည်။ 

 

၃။    သွင်းကုန်အုပ်စုလိုက်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုတွင် ဒေါ်လာ (၅၂၃၀) သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် ဒေါ်လာ (၆၁၅၆) သန်း၊ လူသုံးကုန် ပစ္စည်းအုပ်စုတွင် (၃၀၃၇) သန်းနှင့် CMP ပစ္စည်းများ (၂၁၅၂) သန်း အသီးသီး တင်သွင်းနိုင်ခဲ့ပြီး CMP ပစ္စည်းတင်သွင်းမှုသည် ယခင်နှစ် ကာလတူထက် ပိုမိုခဲ့သော်လည်း အခြားသွင်းကုန်အုပ်စုများ တင်သွင်းမှုသည် ယခင်နှစ် ကာလတူထက် လျော့နည်းခဲ့ပါသည်။