နေပြည်တော် ၂၂ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၉၂ ဒသမ ၉၁ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈၆ ဒသမ ၂၈ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၇၉ ဒသမ ၁၉ သန်းဖြစ်သည်။

 

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၀၂ ဒသမ ၅၄ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၈၆ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၈၉ ဒသမ ၄၀ သန်းဖြစ်သည်။

 

သို့ဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆၆၈ ဒသမ ၅၉ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၂၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။

 

(သတင်းစဉ်)