၁။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ ဇူလိုင်လထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၄၀၄၇ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၁၆၄ သန်းရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၂၁၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလ မှ ဇူလိုင်လထိ) ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၁၉၈ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၀၃၃ သန်း ဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉၂၃၁ သန်းဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် ဒေါ်လာသန်း ၈၅၀ ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် ဒေါ်လာ ၈၆၉ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉ သန်း လျော့နည်းခဲ့ပါသည်။
၂။ ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။
၃။ ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း လျော့နည်း တင်သွင်းခဲ့ပါသည်။
သတင်းစဉ်


