ကျိုင်းတုံ ၂၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခရိုင်ဘောလုံးအားကစားကွင်း၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသားပြေးခုန်ပစ် အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်က ကျင်းပရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ စမ်းစမ်းမာက အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ကျိုင်းတုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀ဝ၊ ၂၀ဝ၊ ၄၀ဝ၊ ၈၀ဝ နှင့် မီတာ ၁၅၀ဝ အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုနောက် အားကစားပြိုင်ပွဲ၌ ဆုရရှိသူများအား ကျောင်းအုပ်ပါမောက္ခဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။
MDN