ရန်ကုန် ၁၇ အောက်တိုဘာ
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ(ရန်ကုန်ဇုန်) ကျောင်းသား/ကျောင်းသူ ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် လှိုင်တက္ကသိုလ်နယ်မြေ (RC-2) မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်ဇုန်၌ပါဝင်သော ရန်ကုန်တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်များပါဝင်၍ အမျိုးသား(၅)သင်းစီနှင့် အမျိုးသမီး(၅)သင်းစီ နှစ်အုပ်စုခွဲကာ အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၄ ရက်ထိ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဇုန်(၁၀)ဇုန်ရှိပြီး ဇုန်အလိုက်ကို ယနေ့တွင် စတင်ကစားခဲ့သည်။ အမှတ်ပေးစနစ်နဲ့ ပထမ-ဒုတိယ အနိုင်ရ ကျား(က)(ခ)/မ(က)(ခ) အသင်းတွေကို အောက်တိုဘာ ၂၂ ရက်မှာ အကြိုဗိုလ်လုပွဲ ကစားကြရမှာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်တွင် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကစားကြမည် ဖြစ်သည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်က ဦးစီးကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်ဇုန်ကို တာဝန်ယူဆောင်ရွက်ကာ အကောင်းဆုံးလက်ရွေးစင် ကစားသမားအဖြစ် ရွေးချယ်ထားပြီး ကျောင်းသား/ကျောင်သူလေးများက နိုဝင်ဘာ ဒုတိယအပတ်လောက်မှာ မော်လမြိုင်မြို့ မိုင်ဒါကွင်းမှာကျင်းပမည့် ဇုန်အလိုက်ပြိုင်ပွဲကို ရန်ကုန်ဇုန်က ရွေးချယ်ထားတဲ့လက်ရွေစင်တွေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ဦးမိုးမင်းစိုး၏ ပြောကြားချက်အရ သိရသည်။
ဆက်လက်ပြီး အနာဂတ်မှာ ပညာရော အားကစားမှာပါ ထူးချွန်ထက်မျက်တဲ့ ကျောင်းသား ကျောင်းသူလေးတွေ ပေါ်ထွက်လာဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး