မြစ်ကြီးနား ၂၅ ဖေဖော်ဝါရီ 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း ယခင်ပညာသင်နှစ်ထက် ယခုပညာသင်နှစ်တွင် စာစစ်ဌာနရှစ်ခုတိုးချဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ပညာနှစ်တွင် စာစစ်ဌာန ၆၆ ခုဖွင့်လှစ်၍ ကျင်းပစစ်ဆေးခဲ့ရာ ကျောင်းတွင်းဖြေ ကျောင်းသားကျောင်းသူ ၂၀၇၂၂ ဦးရှိပြီး၊ကျောင်းပြင်ပဖြေ ၁၄၈၈၄ ဦး စုစုပေါင်း ၃၅၆၀၆ ဦး ဖြေဆိုခဲ့ကာ အောင်ချက်ရာနူန်း ၃၁ ဒသမ ဝ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ကျောင်းတွင်းနှင့် ကျောင်းပြင်ပဖြေ ကျောင်းသားကျောင်းသူ ၃၈၁၄၈ ဦး စာရင်းပေးသွင်းထားရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်တွင် စာစစ်ဌာနတစ်ခု မိုးညှင်းခရိုင်တွင် စာစစ်ဌာနငါးခု၊ဗန်းမော်ခရိုင်တွင်တစ်ခုနှင့် ပူတာအိုခရိုင်တွင်တစ်ခု စုစုပေါင်း စာစစ်ဌာနရှစ်ခု တိုးချဲ့ဖွင့်လှစ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဆရာကြီးဦးသန်းထွန်းထံမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)