အေးပြည့်
တောင်ကိုရီးယားရဲ့ အနုပညာထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ “2018 APAN Star Awards”ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာ ဆိုးလ်မှာရှိတဲ့ ကျောင်ဟီးတက္ကသိုလ်မှာ ပြုလုပ်ခဲ့ရာမှာတော့ တောင်ကိုရီးယားကြယ်ပွင့်တွေ တက်ရောက် ခဲ့ကြတာကို တွေ့ရပါတယ်။
ယခုနှစ်ရဲ့ ဆုပေးပွဲမှာတော့ အမြင့်ဆုံးသောထူးချွန်ဆုဖြစ်တဲ့ “Grand Prize” ဆုကိုတော့ မင်းသား လီဗြောင်ဟွန်းက ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ တစ်ကိုယ်တော် တေးသံရှင်တစ်ဦးဖြစ်တဲ့အပြင် သရုပ်ဆောင်လောကမှာပါ ခြေချလာတဲ့ အိုင်ယူ ကတော့ အကောင်းဆုံး မီနီဒရမ်မာအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ကမ္ဘာ့ကြယ်ပွင့်ဆုကိုတော့ ပါ့ခ်ဟေးဂျင်က ပိုင်ဆိုင်နိုင်ခဲ့ပြီး ရေပန်းအစားဆုံး ဆုကိုတော့ ပါ့ခ်မင်ယောင်းက ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကြေးမုံ