ရန်ကုန် ၃၀ ဇွန်

 

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၈) နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်း ဝူရှူးအားကစားလေ့ကျင့်ရေးရုံ၌ အိုလံပစ်နေ့ ဝူရှူးပြိုင်ပွဲနှင့် ကျွမ်းဘားအားကစား လေ့ကျင့်ရေးရုံ၌ အိုလံပစ်နေ့ ကျွမ်းဘားပြိုင်ပွဲများ ကျင်းပသည်။

 

ဆက်လက်ပြီး ဝူရှူး ပြိုင်ပွဲများကို ကျင်းပရာ  အမျိုးသား/အမျိုးသမီး အလွတ်တန်း နန်းချွမ်၊ ကျန့်စု ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး လူဟောင်းတန်း (ကွန့်စု၊ ထိုက်ကျိချွမ်)  ပြိုင်ပွဲများ၊ လူသစ်တန်း (သောင်းစု) ပြိုင်ပွဲများနှင့် လူဟောင်းတန်း (ချမ်းချွမ်) ပြိုင်ပွဲများ ကျင်းပခဲ့ပြီး အဆိုပါ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ဆုများပေးအပ်ချီးမြှင့်ပေးသည်။

 

 

အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူးအားကစားပြိုင်ပွဲသို့  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၃၅)ကျောင်းမှ ကျောင်းသား/ ကျောင်းသူ လူငယ်အားကစားသမားပေါင်း (၂၄၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

 

ဆက်လက်ပြီး ကျွမ်းဘားအားကစားရုံ၌ အိုလံပစ်နေ့ အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်  ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြရာ ပြိုင်ပွဲမစမီ ကျွမ်းဘားအားကစား မောင်/မယ်များက အားကစား သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြပြီးနောက် နိုင်ငံကျော် တေးသံရှင် နီနီခင်ဇော်မှ  အားကစားသမားများအတွက် ဗလာစာအုပ်၊ ဒိုင်နှင့် နည်းပြ/ အားကစားသမားများအတွက် တူညီဝတ်စုံအင်္ကျီတို့ကိုလည်းကောင်း၊ 

 

( TTK The Three King Seaffolding Services Co., Ltd. ) မှ မန်းနေဂျင်း ဒါရိုက်တာ  ဦးစိုးဝင်းသိန်း၊ ဒေါ်ခင်သူဇာမြင့်၊ ( Mr. Su Yan Sheng) တို့မှ မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်အတွက် လိုအပ်သည့် Air-Con (၃) ကောင်အား (၂) လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ပြီး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ကျောင်းအုပ်ကြီး ဦးစိုးအောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်ပြီး ပြိုင်ပွဲများ စတင်ကျင်းပရာ အမျိုးသား/ အမျိုးသမီး  သွေးသစ်တန်း၊ အလွတ်တန်း၊ မျိုးဆက်သစ်တန်း၊ အလတ်တန်း မြေပြင်ပြိုင်ပွဲများ၊ ရင်ခွင်ပိုက်တန်း  အမျိုးသား/ အမျိုးသမီး Spring Board ပြိုင်ပွဲများ၊ အကြီးတန်း (က)အဆင့်  (ခ)အဆင့် မြေပြင်ပြိုင်ပွဲနှင့် သွေးသစ်တန်း မြင်းခုန်ဘားပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများအား နိုင်ငံကျော်  တေးသံရှင် နီနီခင်ဇော်နှင့် အလှူရှင်များက ဆုများချီးမြှင့်ပေးကြောင်း သိရသည်။

 

သတင်းစဉ်