၂၀၁၈ ခုနှစ် အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆက်လက်ကျင်းပ

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ကျင်းပရာ အမျိုးသား ပွဲစဉ် များအဖြစ် Lion Cup  တစ်ဦးချင်း ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ (မြန်မာ) မှ ယနေ့ ရိုက်ချက် (၇၄)ချက် (၂)ရက် ပေါင်းရိုက်ချက် (၁၄၄)ချက်ဖြင့် သတ်မှတ်ရိုက် ချက်အတိုင်း ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊
 
Denwit David Boripoonsub (ထိုင်း)မှ ယနေ့ရိုက်ချက် (၇၅) ချက် (၂) ရက်ပေါင်း ရိုက်ချက် (၁၄၇) ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၃) ချက်ပို၍ ဒုတိယနေရာမှ လည်းကောင်း၊ Lion Cup  အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ ယနေ့ရိုက်ချက် (၁၄၇)ချက် (၂) ရက်ပေါင်းရိုက်ချက် (၂၉၆) ချက်ဖြင့် ပထမနေရာတွင် ဦးဆောင်၍လည်းကောင်း၊ အင်ဒိုနီးရှားအသင်းမှ ယနေ့ရိုက်ချက် (၁၅၃)ချက် (၂) ရက်ပေါင်းရိုက်ချက် (၂၉၈)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊
 
 
 
 
Putra Cup  တစ်ဦးချင်း ပြိုင်ပွဲတွင် Tanapat Pichaikool (ထိုင်း) မှ ယနေ့ ရိုက်ချက် (၆၇) ချက် (၂)ရက်ပေါင်း ရိုက်ချက် (၁၃၈)ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက် (၆)ချက်လျော့၍ ပထမနေရာတွင် ဦးဆောင်၍ လည်းကောင်း၊ Nopparat Panichphol  (ထိုင်း)မှ ယနေ့ရိုက်ချက် (၆၈)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၂)ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက်(၂)ချက်လျော့၍ ဒုတိယနေရာမှလည်းကောင်း၊ Putra Cup အသင်းလိုက် ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၂၀၈) ချက် (၂) ရက်ပေါင်းရိုက်ချက်  (၄၂၃) ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၂၁၄)ချက် (၂)ရက်ပေါင်းရိုက် ချက် (၄၃၃)ချက်ဖြင့် ဒုတိယ နေရာမှ လည်းကောင်း၊ အမျိုးသမီးပွဲစဉ်များအဖြစ် Santi Cup တစ်ဦးချင်း ပြိုင်ပွဲတွင် Bianca Isabel Pagdanganan (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၆၉)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၃၉)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက်(၅)ချက် လျော့၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ Lois Kaye Go  (ဖိလစ်ပိုင်)မှ ယနေ့ရိုက်ချက် (၇၀)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၁)ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၃)ချက်လျော့၍ ဒုတိယနေရာမှ လည်းကောင်း၊ Santi Cup အသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၃၉)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၈၀)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊  ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၂)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၈၉)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် သင်းဝေခိုင်(မြန်မာ)မှ ယနေ့ရိုက်ချက် (၇၁)ချက် (၂)ရက်ပေါင်းရိုက်ချက် (၁၄၃)ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက်(၁) ချက်လျော့၍ ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ Junia Louise Gabasa  (ဖိလစ်ပိုင်) မှ ယနေ့ရိုက်ချက် (၇၁)ချက် (၂) ရက်ပေါင်းရိုက်ချက် (၁၄၄) ချက်ဖြင့် သတ်မှတ်ရိုက်ချက်အတိုင်း ဒုတိယနေရာမှလည်းကောင်း၊ Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ယနေ့ရိုက်ချက် (၁၄၆)ချက် (၂)ရက်ပေါင်းရိုက်ချက် (၂၉၄)ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍ လည်းကောင်း၊  ဖိလစ်ပိုင်အသင်းမှ ယနေ့ရိုက်ချက် (၁၅၀)ချက် (၂)ရက်ပေါင်း ရိုက်ချက် (၂၉၉)ချက်ဖြင့် ဒုတိယ နေရာမှလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိသည်။ 
 
 
(သတင်းစဉ်)