mdn

၁၈ စက်တင်ဘာ

 

၂၀၁၈ ခုနှစ်အတွက် Emmy  ရုပ်သံ ထူးချွန်ဆုပေးပွဲကို လေ့ာစ်အိန်ဂျလေမြို့မှာပဲ ကျင်းပပြီးစီးခဲ့ပါပြီ။ ဆုပေးပွဲမှာ နာမည်ကျော် အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး ဗြိတိန်သရုပ်ဆောင်တွေဟာလည်း ဆုတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ အိမ်ပြန်သွားနိုင်ခဲ့ပါပြီ။ 

 

အမြဲလိုလို ပြိုင်ဘက်တွေဖြစ်နေကြတဲ HBO နဲ့ Netflix တို့ရဲ့ ယှဉ်ပြိုင်မှုဟာလည်း အဆုံးသတ်သွားပါပြီ။ HBO ဟာလွန်ခဲ့တဲ့ ၁၆ ခန့်က Emmy ထူးချွန်ဆုပေးပွဲမှာ ဗိုလ်စွဲခဲ့ပြီးအဲဒီနောက်မှာတော့ Netflix ကသာ HBO ကို တဖြည်းဖြည်း ကျော်တက်သွားခဲ့ပါတယ်။ 

 

ဒါပေမယ့် ယခုနှစ် Emmy ထူးချွန်ဆုပေးပွဲမှာတော့ HBO ရော Netflixပါ ဆု ၂၃ဆုစီနဲ့ ယှဉ်ပြိုင်မှု အဆုံး သတ်ခဲ့ရပါတယ်။ HBO ကုမ္ပဏီရဲ့ Game of Thrones ရုပ်သံစီးရီးဟာ အကောင်းဆုံးဒရမ်မာဆုကို ရရှိခဲ့ ပါတယ်။ Game of Thrones ရုပ်သံစီးရီးအတွက် ထူးချွန်ဆုကိုတော့ ဒီဘီဝစ်က လက်ခံခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ Game of Thrones  ဇာတ်လမ်းတွဲဟာ ဆုသုံးဆုလက်ခံရရှိခဲ့ပါတယ်။
 

 

အထူးချွန်ဆုံးဟာသ ဇာတ်လမ်းတွဲကိုတော့ The Marvelous Mrs.Maisel  ဆိုတဲ့ ဇာတ်လမ်း တွဲနဲ့ရရှိသွားပါတယ်။ ပြီးတော့ဆုပေးပွဲ ခတ္တရပ်နားစဉ် အတောအတွင်းမှာ အစီအစဉ်တင်ဆက်သူ ကော်လင်းဂျို့စ်ဟာ မကြာသေးခင်က အမေရိကန်ကို ဝင်မွှေသွားတဲ့ ဟာရီကိန်း ဖလောရန့်ကြောင့် ပျက်စီးဆုံးရှုံမှုများ အတွက်လည်း ကူညီပေးကြပါလို့ ကြည့်ရှုသူတွေကို မေတ္တာရပ်ခံ ခဲ့ပါတယ်။ 

 

အခုဆိုရင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတာတွေအတွက် ပြန်လည်ထူထောင်ရေးတွေ လုပ်နေပါပြီ၊ ဒါကြောင့် အမေရိကန်ကြက်ခြေနီနဲ့ အခြားသောပရဟိတအဖွဲ့တွေကို လှူဒါန်းမှုတွေပြုလုပ်ကြဖို့လို့လည်း ကော်လင်းဂျို့ကတိုက်တွန်းခဲ့ပါတယ်။ 

 

စီအင်န်အင်န်