မြစ်ကြီးနား ၁၁ အောက်တိုဘာ

 

၂၀၁၈ ခုနှစ် နိုဝင်ဘာ(၃)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့နယ် တွင် မဲရုံပေါင်း(၁၁၄)ရုံ ထားရှိသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

အဆိုပါမဲရုံများကို စာသင်ကျောင်းများတွင်ထားရှိမည်ဖြစ်ပြီး စာသင်ကျောင်း မရှိသည့် ရပ်ကွက်များ တွင် သက်ဆိုင်ရာ ရပ်ကွက်ဓမ္မာရုံများ၊ ခန်းမများနှင့် ဘာသာရေးအဆောက်အဦများတွင် ထားရှိ သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးကျော်စိုးအောင်က ပြောပြခဲ့သည်။ 

 

မဲရုံများကို နိုဝင်ဘာလ ၁ ရက်မှ စတင်ပြင်ဆင်ပြီး မဲရုံများ၏ လုံခြုံရေးများ ထားရှိသွားမည်ဖြစ်ကြောင်း၊ ယခုကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း (၆)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)