၁၀ စက်တင်ဘာ

 

၂၀၁၈ ခုနှစ် ညအိပ်ညနေကမ္ဘာလှည့်ခရီးသွားလာရောက်မှု အများဆုံးနိုင်ငံအဖြစ် ထိုင်းနိုင်ငံအနေနှင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း အမေရိကန် ခရက်ဒစ်ကတ်ကုမ္ပဏီတစ်ခု၏ လေ့လာ တွေ့ရှိချက် အရ သိရသည်။

 

ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၂၀ဝ ခန့် ပါဝင်သော မာစတာကတ်၏ နှစ်စဉ်အစီရင်ခံစာတွင် ထိုင်းနိုင်ငံ၏ မြို့တော်သည် နံပတ်တစ်အနေဖြင့် ပါဝင်လျက်ရှိပြီး လာရောက်သည့် ခရီးသည်အရေအတွက် နှင့် ၎င်းတို့အသုံးပြုခဲ့သည့် ငွေကြေးအပေါ် မူတည်၍ တွက်ချက်ထားခြင်းဖြစ်သည်။ 

 

လေ့လာတွေ့ရှိခဲ့သော စစ်တမ်းအရ ဘန်ကောက်သည် ညအိပ်ညနေ ကမ္ဘာလှည့်ခရီးသည် ၂၂.၈ မီလီယံဝန်းကျင်လာရောက်ပြီး ၂၀၁၈ ခုနှစ်အတွက် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ ပဲရစ်နှင့်လန်ဒန်သည် ဧည့်သည်လာရောက်မှု ၁၉ မီလီယံဝန်းကျင်ဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ဒူဘိုင်းသည် စတုတ္ထနေရာတွင် ရှိပြီး ၎င်းနောက်တွင် စင်ကာပူနှင့် ကွာလာလမ်ပူတို့ဖြစ်သည်။ နယူးယောက်သည် သတ္တမမြောက်နေရာတွင် ရှိပြီး ၎င်းနောက်တွင် အစ္စတန်ဘူလ် ရပ်တည်လျက်ရှိသည်။

 

တိုကျိုသည် ကိုးနေရာမြောက်တွင် တည်ရှိသော်လည်း ယခုနှစ်အတွင်း ထိပ်တန်း နိုင်ငံ၂၀ ကြားတွင် ညအိပ်ညနေ ခရီးသည်လာရောက်မှုနှုန်း အများဆုံးတိုးမြင့်လာမည်ဟု ကုမ္ပဏီအနေနှင့် မျှော်မှန်းထားသည်။ 

 

ယူအေအီးနိုင်ငံများထဲမှ ဒူဘိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်စဉ်တွင် ဒေါ်လာပမာဏ အများဆုံး သုံးစွဲခဲ့သည့် စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်က ဒူဘိုင်းသို့ လာရောက်လည်ပတ်သူများသည် ဒေါ်လာ သန်း ၃၀.၈၂ ခန့် သုံးစွဲခဲ့ကြကြောင်း သိရသည်။ 

 

ပြည်သူတို့၏ ကမ္ဘာအနှံ့ သွားလာလည်ပတ်ချင်စိတ်နှင့် အခြားသော ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားနေမှုများသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း မာစတာကတ်က ပြောကြားခဲ့သည်။

 

၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားအရေအတွက်နှင့် ဒေါ်လာအသုံးပြုသည့်ပမာဏ နှစ်ခုလုံး တိုးမြင့်လာမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ခန့်မှန်းထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်