နေပြည်တော် ၂၁ မတ်

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မတ် ၂၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ The One Entertainment Park ၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ ညနေ ၃ နာရီခွဲမှစတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)