၂၀၁၈ ခုနှစ် ၊ သြဂုတ်လအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၄၀ဝ၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၄၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ၁၀ စက်တင်ဘာ

  

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

  

ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ သြဂုတ်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှု အခြေအနေမှာ အစိုးရအလုပ်အကိုင် အနေဖြင့် ၆၃၄ ဦး၊ ပုဂ္ဂလိကအနေဖြင့် ၂၃၅၅၆ ဦး စုစုပေါင်း ၂၄၁၉၀ ဦး ဖြစ်ကြောင်း သိရသည်။

 

 နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့်  မလေးရှားနိုင်ငံသို့ ၃၃၁၀ ဦး၊ စင်္ကာပူနိုင်ငံ သို့ ၆၈ ဦး၊ ကိုရီးယားနိုင်ငံ သို့ ၄၉၉ ဦး၊ ထိုင်းနိုင်ငံ သို့ ၁၉၇၂၁ ဦး၊ ဂျပန်နိုင်ငံ သို့ ၅၄၅ ဦး ၊ယူအေအီး သို့ ၄ ဦး၊ ကာတာနိုင်ငံ သို့ ၃ ဦး၊ ဂျော်ဒန်နိုင်ငံ သို့ ၇ ဦး စုစုပေါင်း ၂၄၁၅၇ ဦး ဖြစ်ကြောင်း သိရသည်။

  

(သတင်းစဉ်)