အီးမေးများအသုံးပြု၍ လူများကိုပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုအရေအတွက်မှာ ပြီးခဲ့သည့် နှစ်အတွင်း စံချိန်သစ်တစ်ရပ်တင်ခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောကြားသည်။

 

mdn

 

ဂျပန်ရဲတပ်ဖွဲ့က နှစ်စဉ်ပြုလုပ်နေကျ ဆိုက်ဘာတိုက်ခိုက်မှု ဆန်းစစ်လေ့လာမှုဆိုင်ရာ တွေ့ရှိချက်များကို ယနေ့ ထုတ်ပြန်ခဲ့သည်။ အတည်ပြုထားသော ဆိုက်ဘာတိုက်ခိုက်မှုအရေအတွက်မှာ ၂၀၁၇ ခုနှစ်အတွင်း ၇၁၃ ကြိမ်ရှိရာမှ ၂၀၁၈ ခုနှစ်အတွင်း ၆၇၄၀ ကြိမ်ထိ ရောက်ရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ဂျပန်ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ်တွင် ဆန်းစစ်လေ့လာမှု စတင်လုပ်ဆောင်ခဲ့ချိန်နောက်ပိုင်း ယခုအရေအတွက်မှာ အကြိမ်ရေ အများဆုံးဖြစ်သည်။


ဆိုက်ဘာတိုက်ခိုက်မှုပုံစံမှာ လျို့ဝှက်အချက်အလက်များ ခိုးယူရန်ရည်ရွယ်ချက်ဖြင့် ဗိုင်းရပ်စ်ပါရှိသည့် အီးမေး များကို စီးပွားရေးလုပ်ငန်းများထံသို့ ပေးပို့ခြင်းဖြစ်သည်။

 

ဟက်ကာများအသုံးပြုသည့် အီးမေးလိပ်စာများ၏ ၇၁ ရာခိုင်နှုန်းမှာ အသုံးပြု၍မရကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများကို အသေအချာ ကာကွယ်ရမည်ဖြစ်ကြောင်း ဂျပန်ရဲတပ် ဖွဲ့က ပြောကြားသည်။ 

 

၂၀၂၀ ခုနှစ် တိုကျို အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဂျပန်ရဲတပ်ဖွဲ့က သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်မျှဝေရေး တိုးမြှင့်လုပ်ဆောင်ရန်စီစဉ်နေသလို ဆိုက် ဘာတိုက်ခိုက်မှုများ ကာကွယ်မည့်ကြိုးပမ်းမှုများလည်း ဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်