၉ ဇန်နဝါရီ

 

 

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ရွေ့ပြောင်းသွားလာသူ ၄၅၀ဝ ကျော်မှာ ရွှေ့ပြောင်းသွားလာသောလမ်း ကြောင်းများ၌ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း  အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာမှုအဖွဲ့ (IOM) က ပြောကြားသည်။

 

ရွေ့ပြောင်းသွားလာသူများ ပျောက်ဆုံးမှုဆိုင်ရာ အစီရင်ခံစာကို IOM က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

 

ရွေ့ပြောင်းသွားလာသူ ၄၅၉၂ ဦး ထက်မနည်းမှာ ရွှေ့ပြောင်းသွားလာသည့် ခရီးစဉ်များအတွင်း သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

 

 

ဖော်ပြသော ကိန်းဂဏန်းများအရ  သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူဦးရေမှာ ၂၀၁၇ ခုနှစ်ကထက် ၆၀ဝဝ ကျော် လျော့နည်းသွားခဲ့သည်။

 

mdn

 

 

ရွေ့ပြောင်းသွားလာရန် ကြိုးစားသူအရေအတွက် ကျဆင်းနေသည်ဟု IOM က မှတ်ယူသည်။

 

 

သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူများ၏ထက်ဝက်ခန့် သို့မဟုတ် ၂၂၈၉ ဦးမှာ မြေထဲပင်လယ်ကနေတစ်ဆင့် ဥရောပသို့သွားရောက်သော မြောက်အာဖရိက သို့မဟုတ် အရှေ့အလယ်ပိုင်းမှ  ထောင်နှင့်ချီသော ရွေ့ပြောင်းသွာလာသူများဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာက ထုတ်ပြန်ထားသည်။

 

 

ရွှေ့ပြောင်းသွားလာသူ ၃၉၃ ဦးမှာ အမေရိကန်နှင့်မက္ကဆီကို နယ်စပ်ကြားတွင် သေဆုံးခဲ့သည်။

 

အီတလီနှင့် မော်လ်တာနိုင်ငံတို့က အာဖရိကတိုက်မှလာသည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများကို လက်ခံရန်ငြင်းဆန်ပြီးနောက် ဥရောပတိုက်တွင် ၎င်းတို့ကို သင်္ဘောများပေါ်၌ အဓမ္မ ဆက်လက်နေထိုင်စေခဲ့ သည်။

 

ပြီးခဲ့သည့်လအတွင်းကလည်း ဂွာတီမာလမှ ကလေးငယ်နှစ်ဦးသည် အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့များ မှ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရစဉ် သေဆုံးခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်

 

mdn